( 182 )

8.3K 1K 13
                                    

အခန်း ( ၁၈၂ )

ဆေးမှုထမ်းတွေ ကျဲသွားတော့ ကျီးနွမ် ရှစ်နျန်ကောနား သွားလိုက်သည် ။ " ရှစ်နျန်ကော အဆင်ပြေရဲ့လား ? သွေးတွေ ပေကျံနေတာပဲ ။ ဒဏ်ရာရထားတယ်ဆိုရင် သွားစစ်လိုက်ပါလား ။ အထဲက လူတွေကရော ရှစ်နျန်ကောရဲ့မိတ်ဆွေတွေလား ? ကျွန်မ ဒီမှာနေပြီး ဆရာဝန်တွေနဲ့ စကားပြောထားပေးမယ် ။ ဒဏ်ရာရမရ မြန်မြန် သွားစစ်လိုက်ပါ "

" ရပါတယ် "
ရှစ်နျန်ကောသည် ဒီဘက်ကိုလှည့်ပြီး ကျီးနွမ်ကို လက်မြှောက်ပြသည် ။ " ငါ့မှာ ထိခိုက်ဒဏ်ရာ မရှိပါဘူး ။ ဒဏ်ရာရတာက ငါ့ ဒရိုင်ဘာ နဲ့ လက်ထောက်ပဲ ။ သူတို့တွေ ဒဏ်ရာအပြင်းအထန် ရသွားတာ ... ငါက ဘာမှမဖြစ်ဘူး "

ထိုစဉ် သတင်းထောက်များ ဆေးရုံထဲ အုံလိုက်ကျင်းလိုက် ပြေးဝင်လာ၏။ အထဲက အခြေအနေကို ဓာတ်ပုံရိုက်ယူပြီးနောက်မှာ အနားချဉ်းကပ်ပြီး မေးလာ၏။ " တဆိတ်လောက် ခွင့်ပြုပါ။ ခင်ဗျားတို့နှစ်ယောက်က ဒဏ်ရာရလူနာတွေရဲ့ မိသားစု လား မိတ်ဆွေလား ? ယွမ်ချောင်း လမ်းမပေါ်မှာ ဖြစ်သွားတဲ့ ယာဉ်မတော်တဆမှုအကြောင်း အသေးစိတ် ပြောပြပေးနိုင်မလား ..."

အရေးပေါ်အခန်း အပြင်တွင် သတင်းထောက်များ ရုတ်တရက် ရောက်ချလာမှုကြောင့် အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

ရှစ်နျန်ကောသည် ဘာမှမပြော ။ ရှစ်နျန်ကော နှင့် သတင်းထောက်များအကြား ကျီးနွမ် ဝင်လိုက်တော့မည့်အချိန်မှာ လူအုပ်အနောက်ဘက်မှ ယောက်ျားတစ်ယောက်ရဲ့အသံ ထွက်ပေါ်လာသည် ။
" ထွက်သွား "

ထိုအသံသည် ထိတ်လန့်ဖွယ် ။ ကျီးနွမ်လည်း အဖြူရောင်ကုတ် နှင့် မတ်တပ်ရပ်နေသော ချင်စစ်တင်းကို တအံ့တသြ လှည့်ကြည့်မိသည် ။

ချင်စစ်တင်းပေါ်လာသည်နှင့် တစ်ထပ်လုံးမှာရှိတဲ့ ဆေးမှုထမ်းတွေအားလုံး ငြိမ်ကျသွားသည်။ ဘယ်သူမှ စကားမပြောရဲကြဘူး ။

ထိုသတင်းထောက်များလည်း တခဏမျှ ကြောင်အသွားကြသည် ။ မယဉ်ကျေးသော ဆရာဝန်ကို ပြန်လှည့်ကြည့်လိုက်ပြီးနောက် သူတို့ကင်မရာတွေကို သူ့ဆီ ချက်ချင်း ရွှေ့လိုက်ကြသည်။

① Young Master Mo, Are You Done Kissing?Wo Geschichten leben. Entdecke jetzt