( 162 )

9.8K 1.2K 12
                                    

Zawgyi

အခန်း ( ၁၆၂ )

မစ်ဟန်ကို ကြည့်နေသည့် မော့ကျင်းရှန်း ၏ အကြည့်တို့မှာ ကြောက်မက်ဖွယ် ။ သူ့ရင်ခွင်ထဲမှာ ငြိမ်ချက်သားကောင်းနေသည့် ကျီးနွမ်ကို တိုးဖက်လိုက်သည် ။

ကျီးနွမ် ခဏငြိမ်နေပြီးကာမှ
" မစ်ဟန် ... အဲ့ဒီသုံးစားမရတဲ့စကားတွေပြောပြီး ကျွန်မကို လာမဆွပါနဲ့ ။ ရည်းစားဟောင်းပဲဖြစ်ဖြစ် သတို့သမီးလောင်းပဲဖြစ်ဖြစ် တရားဝင်လက်ထပ်ထားပြီးသား သူတွေရဲ့အမြင်မှာတော့ သူတို့အကုန်လုံးက အရေးမပါဘူး ။ တရားဝင်လက်ထပ်တယ်ဆိုတာ ဘာလဲသိလား ? ခင်ပွန်း နဲ့ ဇနီး ဆိုတာရဲ့ အနက်အဓိပ္ပာယ်ကိုရော သိရဲ့လား ? ဒီလူကို ဘယ်သူက ပိုင်တယ် ဆိုတာရော ပြောဖို့ လိုသေးလား ? "

နီစွေးစွေးနှုတ်ခမ်းပါးတို့မှ ထိုစကားများ ပြောထွက်လာသည့် ကျီးနွမ်ကို မော့ကျင်းရှန်းက ငုံ့ကြည့်သည် ။ သူ့အကြည့်တို့မှာ နွေးထွေးနေမှန်း ဘေးကလူတိုင်း မြင်နိုင်သည်။

မစ်ဟန်သည် ကျီးနွမ်ကို မကျေချမ်းစွာ ကြည့်လာ၏။
" တခြားသူတွေစေ့စပ်ကြောင်းလမ်းထားတာတောင် ပျက်နိုင်တာ နင်လက်ထပ်ထားတော့ရောဘာဖြစ်လဲ ? နင်လည်း ကွာရှင်းလို့ ရတာပဲလေ! "

ပြန်လည်ရှင်သန်လာပြီးနောက်မှာ ကွာရှင်းတယ် ဆိုသည့် စကားကိုကြားလျှင် ကျီးနွမ် ဆတ်ဆတ်ထိမခံဖြစ်လာသည် ။

ထို့ကြောက် မစ်ဟန်ကို မျက်မှောင်ကြုတ်ကြည့်ပစ်သည်။ " ရှင် ကျွန်မကို ဒူးထောက်တောင်းပန်တဲ့အတွက် ကျွန်မ ရှင့်ရဲ့ရိုးသားမှုကို မြင်ပြီးပါပြီ ... ရှင့်ကိုယ်ရှင် ကာကွယ်ချင်တယ်ဆိုရင်တော့ အမှိုက်စကားတွေ သိပ်မပြောပါနဲ့ ။ ထပ်ပြောရင် အကျိုးဆက်က တထေရာတည်းပဲနော် ... ရှင့်အဝတ်တွေ ချွတ်လိုက်ပါတော့ တစ်ခုတောင် ချန်မထားနဲ့ "

အစကတော့ ကျီးနွမ် သူမကိုအကုန်မချွတ်စေချင်ခဲ့ပါဘူး ။ သို့သော် မစ်ဟန်သည် ဒီအခြေအနေထိ ရောက်စေချင်မှတော့ သူမဖိတ်ခေါ်လိုက်တဲ့ပြဿနာအတိုင်း ကျီးနွမ်ဖြေရှင်းပေးလိုက်မည်။

ဖုန်းလင်းသည် ကျီးနွမ်ဆီမှ အရိပ်အကဲ ရသည်နှင့် ထရပ်ဖို့လုပ်နေသည့် မစ်ဟန်ကို ပြန်ကန်ထည့်လိုက်သည် ။

① Young Master Mo, Are You Done Kissing?Wo Geschichten leben. Entdecke jetzt