( 27 ) ဒီတစ်ကြိမ်ပြန်လာတာ နွမ်နွမ် တော်တော်လေး ပြောင်းလဲသွားပြီ

21K 2.1K 23
                                    

{ unicode }

ကျီးနွမ် ရှန်းဟဲယူဘက်ကို လှည့်ကြည့်လိုက်ပြီး fake smile ပြုံးပြကာ " အန်တီရှန်း ဘာဖြစ်လို့လဲဟင်? တူကိုတောင် သေချာမကိုင်နိုင်တော့ဘူးလား? မဟုတ်မှ နိုင်ငံခြားကနေ ဝယ်လာတဲ့ ဆေးတွေ တအား သောက်လိုက်မိလို့များလား ? "

" သမီး ဘာတွေလျှောက်ပြောနေတာလဲ နွမ်နွမ် ။ အန်တီ့လက်တွေက ဟင်းရည်ပူပန်းကန်လုံးကို မတော်တဆ ထိမိလို့ ခဏတုန်သွားတာရယ် "
ရှန်းဟဲယူက တူတွေကို ပြန်ချလိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြုံးပြ၏။ " နွမ်နွမ်...အရင်တုန်းက သမီးအဲဒီဘက်မှာ မထိုင်ခဲ့ဖူးဘူးမလား ? အန်တီရှန်း က ဒီနေရာမှာထိုင်တာမို့လို့ တို့တွေ ထမင်းစားရင်း စကားပြောကြတာပေါ့ "

သူမရဲ့အရင်ဘဝ ကျီအိမ်မှာ သူမ ထမင်းစားတဲ့အချိန်တိုင်း တတ်နိုင်သမျှ ကျီဟုန်းဝမ်နှင့် ဝေးဝေးမှာ အမြဲထိုင်ခဲ့တာဖြစ်သည်။ သူမက ကျီဟုန်းဝမ်ကို အချိန်တိုင်း စိတ်မချမ်းသာရအောင် လုပ်တာကြောင့် သူမအဖေက သူမစားပွဲမှာ မထိုင်ချင်လောက်တော့တဲ့ထိ ဝေဖန်ဆူပူတတ်၏။ သူတို့ရဲ့ သားအဖ ဆက်ဆံရေးကလည်း အဲဒီလိုကြောင့်ပဲ ဆိုးရွားသထက်ဆိုးရွားနေခဲ့တာပေါ့။

" ဒီမှာ ထိုင်ရတာလည်း အဆင်ပြေပါတယ်။ အဖေနဲ့ စကားပြောလို့ရတာပေါ့ " ထိုစဥ် ကျီဟုန်းဝမ် မကြာခဏသောက်တတ်သည့် ဝိုင်ဖြူကို အိမ်အကူတစ်ယောက် သယ်လာတာကို ကျီးနွမ်မြင်လိုက်ရတော့ ချက်ချင်းပင် လှမ်းတားလိုက်ရသည်။

" အဖေ့...အမေ သက်ရှိထင်ရှားရှိနေတုန်းကလည်း အဖေ့အစာအိမ်က မကောင်းဘူးလို့ ခဏခဏပြောနေခဲ့တဲ့ဟာကို ။ အလုပ်မှာ မဖြစ်မနေ သောက်ရတာက ကိစ္စမရှိဘူး ဒါမဲ့ အိမ်မှာတော့ မသောက်နဲ့လေ! " ကျီးနွမ်ကပြောရင်း သူမ အနောက်ဘက်မှ လူဆီလှည့်ကြည့်လိုက်ကာ " အန်တီချင် ဒီဝိုင်ကို ဝေးဝေးကို ယူသွားပေးစမ်းပါ။ နောက်ကျ အဖေက ထမင်းစားချိန်အတွင်းမှာ သောက်ချင်တယ်လို့ ပြောလာခဲ့ရင် ကျွန်မအမေ ပြောခဲ့တဲ့စကား တစ်လုံးချင်း တစ်ကြောင်းချင်း အထပ်အထပ် အခါခါ ပြန်သာ ပြောပြပေးလိုက်နော်! "

" ဟုတ်ပါပြီကွယ် ဟုတ်ပါပြီ " အန်တီချင်က မြန်မြန်ဆန်ဆန်ပင် ဝိုင်ပုလင်း ကို ယူသွား၏။

① Young Master Mo, Are You Done Kissing?Where stories live. Discover now