( 194 )

6.9K 886 9
                                    

အခန်း ( ၁၉၄ )

စနေနေ့ ညနေ ၆နာရီတွင် မီးပုံပွဲသည် T Uni အနီးရှိ မြစ်ကမ်းဘေးတွင် စတင်လိမ့်မည်။ ထိုမြစ်သည် T City တစ်လျှောက်ဖြတ်သန်းစီးဆင်းနေသည်ဖြစ်ရာ လေကောင်းလေသန့် ရ၏။ မြစ်၏နှစ်ဖက်ကမ်း ရှိ အပင်များသည် လေကြောင့် ယိမ်းနွဲ့နေသည်။

တိုက်ဆိုင်စွာပင် သူမအဆောင်ရှိလူအားလုံးက အရွေးချယ်ခံရသည့်စာရင်းထဲတွင် ပါနေသည်။ ကျီးနွမ်က ပုံမှန်ဝတ်နေကျအတိုင်း ဝတ်ပြီး ကျန်သုံးယောက်ကတော့ အဝတ်အစားကို အထူးအလေးပေးသည်။

" ဝါး ... ဒီမြစ်ကို ဒီလောက်လှလိမ့်မယ်လို့ ထင်မထားဘူး ။ အလင်းရောင်နဲ့ သဟဇာတဖြစ်နေတာ ... ဓာတ်ပုံတစ်ပုံလောက် အတူရိုက်ရအောင် "
လင်းဖေးဖေးသည် အကြံပြု၏။

တိုက်တိုက်ဆိုင်ဆိုင် ကျီးနွမ်သည်လည်း စုရွှယ်ယိ၏ဓာတ်ပုံကို ရဖို့အခွင့်ရှာနေခဲ့သည်။ သို့သော် မြက်ကိုထိတဲ့အခါ မြွေကို ခြောက်သလို ဖြစ်သွားမည်စိုး၍ မလုပ်နိုင်ရှာ ဖြစ်နေခဲ့ရသည်။ အခုလို အကြံဉာဏ်ကိုကြားရသည့်အခါ ချက်ချင်းပင် သဘောတူလိုက်လေ၏။

ဓာတ်ပုံရိုက်ပြီးနောက်မှာ ကျီးနွမ်က လင်းဖေးဖေးကို သူမထံ ပို့ပေးဖို့ ပြောလိုက်သည်။ စုရွှယ်ယိ၏မျက်နှာ သေချာမြင်ရ မမြင်ရစစ်ဆေးပြီးသည်နှင့် ကျီးနွမ်က ဖုန်းလင်းဆီ ပြန်ပို့လိုက်သည်။

--

ထိုည ၉ နာရီ

T Uni အနီးရှိ ကွန်ဒိုရှေ့တွင် မော့ကျင်းရှန်းသည် မတ်တပ်ရပ်နေ၏။ တင်းကျပ်စွာ ပိတ်ထားသော တံခါးနှင့် ဖုန်တက်နေပြီဖြစ်သော သော့ကို ကြည့်ရင်း ပြီးခဲ့သည့်နှစ်ပတ်မှာ ကျီးနွမ် ဒီကို ပြန်လာမနေမှန်း သူ ခန့်မှန်းနိုင်သည်။

သူ တံခါးဖွင့်ပြီး အထဲဝင်လိုက်သည် ။ အိမ်မီးတွေကို ထွန်းညှိမထား ၊ ညကောင်းကင်သည် မည်းမှောင်နေပြီး ပြတင်းပေါက်အပြင်ဘက်ရှိ အလင်းရောင်မှုံမှုံကိုသာ မြင်နိုင်သည်။

ကျောင်းက မီးပုံပွဲ နှင့် သူ့ကျောင်းသားတွေ ...
ဒီအချိန်ထိ ဆက်ကျင်းပနေတုန်းလား ?

① Young Master Mo, Are You Done Kissing?Where stories live. Discover now