~ ၃ ~

34.9K 2.6K 59
                                    

(Unicode)

《၃》 ရှင်နဲ့ကျွန်မ ကိုယ်လက်နှီးနှောပြီးပြီပဲဟာ ဘာတွေထပ်လုပ်ရဦးမှာလဲလို့

ကျိနွမ် ခေါင်းလေးမော့ပြီး သူ့ကိုမေးလိုက်သည်။
" ရှင် ဒီည ယွိဥယျာဥ်မှာ ညစာပြန်စားချင်လား "

မော့ကျင်းရှန်းက တိတ်ဆိတ်စွာပင် သူ့လည်စည်းကို ဖြေနေသည်။

" ကျွန်မ အန်တီချန်ဆီကနေ ချက်ပြုတ်နည်းတွေ သင်ထားတယ် "

သူမအပြောကြောင့် မော့ကျင်းရှန်းအကြည့်တွေ သူမမျက်ဝန်းတွေဆီ ဆိုက်ရောက်လာခဲ့၏။
" မင်းက ချက်တယ်ပြုတ်တယ် ဟုတ်သလား "

ပြောသွားပုံက မသိလျှင် သူမဟာ ရေပူစမ်းထဲ၌ပင် လက်ချောင်းကလေးတွေကို ရေစိုမခံချင်အောင် အဖြစ်သည်းနေသည့် သူဌေးမအတိုင်း!

တစ်ချိန်က ထိုသို့ဖြစ်ခဲ့သည် ဆိုလျှင်တောင်...

အဟမ်း...အခု မတူတော့ဘူး!  

" ဟုတ်တယ်လေ အဲ့ဒါ ရှင်များ ကျွန်မလက်ရာကို စားကြည့်ချင်သလားလို့ပါ "
ကျိနွမ် သူ့ကို မော့ကြည့်လိုက်သည်။ ပြုံးနေတာကြောင့် သူမနဖူးရေတွေလည်း တွန့်နေလေ၏။

မော့ကျင်းရှန်း အေးစက်စွာ ပြုံးလိုက်မိသည်။ 
" ဆေးခတ်တာက အလုပ်မဖြစ်တော့ ဒီတစ်ခါ အဆိပ်ပြောင်းခတ်ဖို့ ကြံနေတာလား "

"..."

ဟုတ်ပါတယ် သူမ အမှားတွေ အများကြီး ကျူးလွန်ခဲ့တယ် တကယ်တမ်း မနေ့ကမှ သူ့ကို ဆေးခတ်ခဲ့တာ လောလောလတ်လတ်ကြီးရယ်

အတိတ်ကို ပြန်တွေးကြည့်ရမည်ဆိုလျှင်တော့ သူမ သိပ်ကို ဇွတ်တရွတ်နိုင်ခဲ့ပါ၏။ ယခုအချိန် စိတ်၏ ရင့်ကျက်မှုတွေနှင့်ဆိုရသော် အတိတ်က သူမဟာ ရယ်ဖွယ်ရာ ကောင်းနေခဲ့လေ၏။

ကျိနွမ်က သူ့မျက်နှာကို မော့ကြည့်သည်။ ထိုအခါ အလင်းရောင်ခြည်သည် သူမရဲ့လည်တိုင်ပေါ်သို့ ကျရောက်သွားခဲ့လျက်။ ဒါဟာ တမင်တကာလား မသိမသာလား မရည်ရွယ်ဘဲနှင့်လား မသိပေမယ့် သူမညှပ်ရိုးတွေပေါ်မှ အညိုအမဲအရာတွေကတော့ သူ့မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့လေ၏။

① Young Master Mo, Are You Done Kissing?Kde žijí příběhy. Začni objevovat