( 86 )

13.3K 1.6K 28
                                    

{ unicode }

ကျီးနွမ်၏အပြစ်တင်သံကြောင့် ဝန်ထမ်းမမ၊ ဒယိမ်းဒယိုင် ဖြစ်သွားရရှာပြီး ခေါင်းကို ဆတ်ခနဲမော့ကာ ပမာမခန့် ပြောလာသည်။
“ ဟွန့်...နင်က နင့်မိသားစုရဲ့စည်းစိမ်ချမ်းသာကို မှီခိုနေရတာ မဟုတ်ဘူးလား၊ ကုမ္ပဏီလေးနှစ်ခုဝယ်လိုက်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိပြီ...ထင်နေတယ် ”

ကျီးနွမ်ကတော့ အမူအရာမပျက် ပြုံးရွှင်နေသည်။
“ ဘာလဲ လက်မခံနိုင်ဘူးလား ”

“  ဒါပေါ့ ဘယ်လက်ခံနိုင်ပါ့မလဲ...အာ ဟုတ်သား! နင်က ကျီလုပ်ငန်းစုရဲ့ သခင်မလေးပဲဟာ...အဲဒါကြောင့် အခု ကုမ္ပဏီနှစ်ခုကို စတူဒီယိုတစ်ခုအဖြစ် ပေါင်းစည်းလိုက်တယ်...ဆိုတော့...နင် ငါတို့ကို ဒီမှာ ဆက်ထားချင်သေးရဲ့လားတော့ မသိဘူး ၊ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့တော့ အလုပ်ဖြုတ်ခံရမှာပဲ...နှင်ထုတ်ခံရမဲ့တူတူ ငါကတော့ ကိုယ့်ဘာသာကိုယ် ထွက်တယ်! ”

​ ထိုသို့ပြောပြီးသည်နှင့်  ရုံးအကူသည် တခြားသောဝန်ထမ်းအချို့ကို ကြည့်၏။ အကြည့်ခံရသော ဝန်ထမ်းများဟာလည်း တခဏချင်း သူတို့ပစ္စည်းများကို ကောက်ထည့်ကြသည်။

ကျိီးနွမ်...ပုန်ကန်မှုကိုဦးဆောင်လိုက်သည့် ဝန်ထမ်းအမျိုးသမီးကိုကြည့်ပြီး နှစ်ထောင်းအားရစွာ ခေါင်းညိမ့်မှုပြု၏။
“  အင်းလေ...ကိုယ့်ကိုယ်ကိုယ်သိတယ်ဆိုတော့ တစ်မျိုးကောင်းတာပေါ့။ ရှင် ထွက်မသွားခင် ရုံးမီးတွေ ပိတ်သွားဖို့  မမေ့နဲ့ဦး၊ ဒီမှာပေးထားတဲ့ လျှပ်စစ်မီးက ရှင်တို့အကုန်လုံး မိတ်ကပ်ထိုင်ဖို့ ဖို့ ပေးထားတာ မဟုတ်ဘူး.. အလုပ်လုပ်ဖို့ ”

ရှောင်ပါးက အပြေးကလေး ပြန်ရောက်လာသည်။ လက်ထဲတွင်လည်း ရုံးအကူဝန်ထမ်းတို့၏ဖိုင်တွဲများ တစ်ပါတည်းကိုင်ဆောင်လာသည်။ ကျီးနွမ် ရှောင်ပါးဆီက  ထိုဖိုင်တွဲများကို ယူလိုက်သည်။ ထို့နောက် အပေါ်ဆုံးရှိဖိုင်တွင် စောနက သူမကိုပြန်ခံပြောသည့် ဝန်ထမ်းအမျိုးသမီး၏ဓာတ်ပုံတစ်ပုံ ပါရှိနေသည်ကို ချက်ချင်းတွေ့လိုက်ရသည်။

ရုတ်တရက် ထိုဝန်ထမ်းဆီမှ လှောင်ပြောင်ထေ့ငေါ့သံထွက်လာ၏။
“  သြော် လက်စသတ်တော့ ကျီအိမ်ရဲ့အကြီးဆုံးသမီးက မီတာခပေးဖို့ ငွေနည်းနည်းလေးတောင် မရှိဘူးကိုး၊ ငါတို့ နင့်အကြောင်း အရမ်းမသိပေမယ့် ...ငါကြားမိသလောက်တော့ နင်က ဟိုင်ချန်းမြို့ရဲ့နာမည်ကြီး ၊ မော့အိမ်ကသားနဲ့ အိမ်ထောင်ကျသွားတယ်ဆိုပဲ။ မော့ကော်ပိုရေးရှင်းက CEO မော့က နင့်ယောကျ်ားဆို ဟုတ်တယ်မလား? နင်တို့အိမ်ထောင်ကျတာ ကြာပြီဆိုပေမယ်လို့ နင်ကအခုထိ ကလေးမရသေးဘူး။ မျိုးမအောင်တာများလား...အဲ့လိုဆိုရင်တော့ နင်ကန်ထုတ်ခံရမှာပဲ။ ဥမဥနိုင်တဲ့ကြက်မတစ်ကောင်ကို မော့အိမ်ကလည်း အလိုရှိမှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား!  ”

① Young Master Mo, Are You Done Kissing?Where stories live. Discover now