( 112 )

13.8K 1.5K 32
                                    

{ unicode }

အခန်း ၁၁၂။ ( သူမ သူ့ကို ချစ်မိနေပြီ )

ကျီးနွမ် သူ့အင်္ကျီလက်ကို နောက်တစ်ကြိမ် ဆွဲလိုက်ပြန်သည်။

ထို့နောက် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း
“   ရှန်းရီဟန်ကို ကျွန်မ တစ်ခါမှ ရင်မခုန်ခဲ့ဖူးဘူး။ ရှင်လည်း သိမှာပါ ။ ရှင်နဲ့ လက်မထပ်ခင် ကျွန်မ ဘယ်သူနဲ့မှ ဒိတ်မလုပ်ဖူးဘူး။ အဲ့တော့ ပြောပြစရာလူလည်း မရှိဘူး! ကျွန်မက စိတ်ရောကိုယ်ပါ စင်ကြယ်တဲ့ စံနမူနာတစ်ခုအတိုင်းပဲ! ”

စံနမူနာ ဆိုသည့်စကားကိုကြားသည့်အခါ မော့ကျင်းရှန်းက နူးညံ့စွာ ငေးကြည့်လာသည်။ အရိုးသားဆုံး ရှင်းပြနေတာကို မြင်ရသည့်အခါ  စိတ်ရှည်လက်ရှည် နားထောင်၏။

ကျီးနွမ် သူ့လက်မောင်းကို ဆွဲဖက်လိုက်ပြီး
“  ရှင့်အပြင် ကျွန်မ ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး! ”

မော့ကျင်းရှန်းမျက်နှာတွင်ပြုံးရိပ်ထင်လာသည်။ သူက ပျော့ပျောင်းသည့်သူမဆံနွယ်စတို့ဆီ လှမ်းကိုင်လာကာ
“   Mrs. မော့က အခုကိုယ့်ကို ဝန်ခံနေတာလား? ကိုယ့်ကို ချစ်တယ်လို့လေ ? ”

ထိုတခဏ ကျီးနွမ်ရင်ထဲ ပျာယာခတ်သွားသည်။

မော့ကျင်းရှန်း နဲ့ သူမ ကြားမှာ ချိုမြိန်နွေးထွေးမှုပေါင်းစုံ ခံစားတွေ့ကြုံခဲ့ရပေမယ့် ချစ်တယ် ဆိုသည့်စကားကိုတော့ တစ်ခါမှ ထုတ်မပြောခဲ့ချေ။

ကျီးနွမ် မဖြေပေမဲ့ မော့ကျင်းရှန်းနှုတ်ခမ်းပေါ်က အပြုံးမှာ လေးနက်နေသည်။

သူ့စိတ်တွေ ရုတ်တရက် ထိုးတက်သွားသလို။

ဒါပေမယ့် ကျီးနွမ်စိတ်ကတော့ အစီစဥ်တကျ ဖြစ်မနေလေဘူး။

တစ်ခါမှ မတွေးရဲဖူးတဲ့ ပြဿနာ နဲ့ ရင်ဆိုင်နေရတာကိုး။

မော့ကျင်းရှန်းဟာ သူမဆံနွယ်တို့ကို ဆွဲကျစ်လာတော့  ကျီးနွမ် သတိပြန်ကပ်လာသည်။ထို့နောက်ပြုံးကြည့်လာပြီး
“  ဖုန်းအား ဆက်မသွင်းတော့ဘူးလား? ”

ဖုန်းကို နှစ်မိနစ်လောက်သာ အားသွင်းပြီး ပြန်ဖြုတ်ထားခဲ့တာ  သတိရတော့  အပြေးပြန်အားသွင်းလိုက်သည်။

① Young Master Mo, Are You Done Kissing?Wo Geschichten leben. Entdecke jetzt