( 88 )

15.3K 1.6K 38
                                    

{ unicode }

ကျီးနွမ်မှာ စဥ်းစားဖို့လည်း အခွင့်အရေးမရလိုက်ဘူး။မော့ကျင်းရှန်းက ဆိုဖာပေါ် တွန်းလှဲ လိုက်တာမို့ သူမသတိတွေအကုန် သူ့ဆီရောက်ပြီး အတွေးတို့ ချက်ချင်းလွင့်စင်ပပျောက်သွားရ၏။

မော့ကျင်းရှန်းက သူမနံဘေးမှာ ဒူးထောက်ချလိုက်တာကြောင့် သူ့ခန္ဓာကိုယ်အောက် သူမ ပိတ်မိသွား၏။ ထို့နောက် မော့ကျင်းရှန်းက သူမ လည်တိုင်ကို ငုံ့နမ်းလာသည်မို့  ကျီးနွမ် သူ့ပုခုံးကြီးကို လက်နဲ့ ဖိတွန်းလိုက်ပြီး
“  ခဏလေးပါ ... ခဏလေး…”

မော့ကျင်းရှန်း က ရပ်တန့်လိုခြင်းမရှိဘဲ နားနားကပ် ပြောလာသည်။
“ ​အမ်း...”

ကျီးနွမ် သူ့ပုခုံးကြီးကို အားထည့်တွန်းလိုက်ပြီး အသံကျယ်ကျယ်ဖြင့်...
“  စောစောက Studio မှာ ကျွန်မ ကြုံခဲ့တဲ့  တစ်ချို့ ပြဿနာတွေကို တွေးကြည့်တော့  ရှင့်အကူအညီလိုမယ်ထင်တယ်၊ အဲ့ဒီပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာတတ်အောင်ပေါ့။ နောက်ပြီး ဒီလို စီမံခန့်ခွဲတာမျိုးကျ ကျွန်မက အခုမှ စလုပ်ဖူးတာလေ၊ အဲ့ဒီတော့ ပြဿနာတွေ ကိုင်တွယ်ဖြေရှင်းတဲ့အခါကျ ရှင့်လိုမျိုး ပြတ်ပြတ်သားသားမလုပ်နိုင်မှာ စိုးတယ်။ တခြားကိစ္စတွေမှာတော့ ရှင့်အကူအညီမလိုပါဘူး။ ဒါပေမယ့် နည်းဗျူဟာပိုင်းမှာတော့ ရှင့်ဆီက အကြံဉာဏ် ရချင်တယ် ....”

မော့ကျင်းရှန်း လှုပ်ရှားမှုတို့ ရပ်တန့်သွားကာ သူမကို ငုံ့ကြည့်လာ၏။
“ အဲ့ဒီကိစ္စက အခုပြောမှဖြစ်မှာလား ? ”

“ အခုလုပ်ရမယ်လို့တော့ မဆိုလိုပါဘူး...ဒါပေမယ့် ကျွန်မ အဖေနဲ့ အပေးအယူလုပ်ထားသေးတယ်။ အခုက လဝက်လောက်ကျော်သွားပြီ... Studio မှာ သိပ်တိုးတက်မှုမရှိသေးဘူး။ ကျွန်မ စိုးရိမ်တာက တကယ်လို့ ထပ်ပြီး ကြန့်ကြာသွားရင်...”

မော့ကျင်းရှန်း...မျက်ခုံးထူထူတို့  အနည်းငယ် ကော့တက်သွားရကာ...
“  ကိုယ်ရှိနေတာပဲ၊ ဘာပူစရာရှိလဲ ”

“… အင်း ကျွန်မက ရှင့်ကို အချိန်နည်းနည်းပဲ ဖဲ့ပေးစေချင်တာ.. အကြံပေးသဘောမျိုးပေါ့၊ ကျွန်မ Studio ကို ဖြေရှင်းဖို့ ရှင့်ဆီက အချိန်ရော၊ လူအားပါ အများကြီးတောင်းနေတာမဟုတ်ဘူး ”

① Young Master Mo, Are You Done Kissing?Where stories live. Discover now