( 204 )

8.4K 963 8
                                    

အခန်း ( ၂၀၄ )

" Mr.မော့ ရောက်လာတဲ့အတွက်ကြောင့် T City ကရဲတပ်ဖွဲ့ တွေ အချိန်ဆွဲရဲမှာမဟုတ်ဘူး။ အပြစ်ရှိတဲ့သူတွေကို အပြစ်ပေးရမှာပဲ ... အဆုံးသတ်ဖို့ သင့်ပြီထင်တဲ့ လူတွေလည်း အဆုံးသတ်ပြီပေါ့ "

ထိုစကားတွေကိုကြားတော့ ကျီးနွမ် ဖုန်းလင်းကို ကြည့်လိုက်သည်။ ဖုန်းလင်းက ထပ်မပြောလာသော်ငြား အဓိပ္ပာယ်ကရှင်းနေပြီ။ မနေ့ညက သူမကို အနိုင်ကျင့်ဖို့ကြိုးစားခဲ့သည့်လူ အခု သေလောက်ပြီ။

" ကျွန်မ​ သတ်လိုက်မိတာလား "
ဒီမေးခွန်းကိုမေးလိုက်သည့် ကျီးနွမ်ရဲ့အသံဟာ ထင်ထားသည်ထက်ကို တည်ငြိမ်နေသည်။ တကယ်လည်း မနေ့ညက သူမကိုယ်တိုင် ဓားနဲ့ထိုးခဲ့တာ အကြိမ်ကြိမ်။

" ဟင့်အင်း Mrs.မော့ သူ့ကို ထိုးလိုက်တဲ့ဒဏ်ရာတွေက မသေစေနိုင်ပါဘူး။ အလွန်ဆုံးမှ သွေးထွက်ရုံပေါ့ ... သေဆုံးမှုအကြောင်းရင်းခံက သူ့ကိုဖမ်းတဲ့အချိန်မှာ ရဲတွေကို ပြန်ခုခံလို့လေ ။ အဲ့အတွက် ရိုက်ရင်းနှက်ရင်းကနေ အန္တရာယ်ဖြစ်ပြီး သေသွားတာ " ဖုန်းလင်းက ကျီးနွမ် အတွေးမလွန်မိစေရန် ပြုံးပြသည်။

သေလုမြောပါးဖြစ်နေတဲ့လူတစ်ယောက်က ဘယ်လိုများ ရဲတွေကို ခုခံနိုင်မှာတဲ့လဲ ? အဖြေကို သူမ သိပြီးသားဖြစ်သောကြောင့် ကျီးနွမ် ထပ်မမေးခဲ့ဘူး။

တစ်ချို့လူတွေက သေကိုသေရမယ်။ ဒီအခြေအနေထိ ရောက်လာခဲ့ပြီဆိုမှ သူတို့ဘဝတွေအတွက် ဝမ်းနည်းပြနေစရာအကြောင်း မရှိဘူး။ ဖုန်းလင်းက သူမအတွေးမလွန်စေဖို့ နည်းတစ်မျိုးသုံးလိုက်တာ ... ကျီးနွမ်လည်း အဆုံးသတ်ကို လက်ခံသည်။ အဲ့ဒီလူတွေအသက်ရှင်နေသေးတယ် ဆိုတဲ့စကားကို ကြားရသည်ထက် ပိုကောင်းသည်။ မဟုတ်ရင် သူမရဲ့နေ့စဉ်ဘဝအတွက် အနှောင့်အယှက်ဖြစ်နိုင်သည်။ i

ကျီးနွမ်က ဘာမှထပ်မပြောလေတော့ ဆိုဖာပေါ်တွင် ထိုင်နေသည့် မော့ကျင်းရှန်းဟာ သူမကို အနားလာဖို့ ခေါ်လိုက်သည် ။

" ခေါင်းနာနေသေးလား "
သူ့အနားကို သူမ ရောက်လာတော့ မော့ကျင်းရှန်းက သူမရဲ့ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးသည်။ နဖူးကအနာကိုရှောင်ပြီး ကျန်နေရာတွေကို စစ်ကြည့်သည်။

① Young Master Mo, Are You Done Kissing?Onde histórias criam vida. Descubra agora