"ကော.......အခု ကျွန်တော် ကော့ဆီကို ပြန်လာနေပြီး.....ကျွန်တော့်ဘဝအတွက်.....
ကော့ ကိုပဲ လိုအပ်တယ်.....ပြီးတော့ ရီပေါ်ဆိုတဲ့
ကျွန်တော်က...ကောထားခဲ့ ခံရမှာကလွဲရင် ဘာမှကြောက်တတ်တာ မဟုတ်ဘူး......တစ်ခုပဲ
ကျွန်တော့်ကို လူအားလုံးက စွန့်ပစ်လို့ရတယ်...ဒါပေမဲ့ ......ကောကတော့ မရဘူး......ဒီလိုပဲ....ကျွန်တော်ကတော့ .....ကော့အနားမှာသာ......နေခွင့်ရမယ်ဆိုရင်.....
အရာအားလုံးကို ....စွန့်လွှတ်နိုင်တယ်....ကောရယ်.."ရီပေါ်အတွေးများနေရင်း.......သူငှားစီလာသော တက္ကစီကားလေးမှာ......ရှောင်ကျန်းတို့ အိမ်ရှေ့ကိုပင် ရောက်နေလေပြီဖြစ်သည်။
"ကျန့်ကော.....ကျန့်ကော....."
ရီပေါ်အိမ်ရှေ့တွင် ရှောင်ကျန်းအား အော်ခေါ်နေလေသည်။ သို့သော်လည်း ရီပေါ်၏ ခေါ်သံကြောင့် တံခါးလာဖွင့်ပေးသူမှာ ရှောင်ကျန်းတော့ မဟုတ်....ရှောင်မားပင်ဖြစ်သည်။
"ရှောင်မား!....ကောရော....သူသားလာတာတောင် လာမကြိုဘူး.....ဟွန့်!!......"
"ဪ.......သားရယ် မင်းကောကို....စိတ်မဆိုးပါနဲ့ကွယ်.....မင်းရဲ့ကောက
သူ့အခန်းထဲမှာပဲ......ခုရက်ပိုင်း အစားလည်းသိပ်မစားဘူး.....အခုလည်း
နေမကောင်းလို့......အလုပ်တောင်မသွားနိုင်ဘူး.....""ဘယ်လို!!.....ကော နေမကောင်းဘူး...ဟုတ်လား ရှောင်မား....."
"အင်း...."
ရီပေါ် ရှောင်ကျန်းနေမကောင်းဘူးဟု ကြားသည်နှင့် ကပြာကယာနှင့် ရှောင်ကျန်းဆီသို့ ပြေးသွားလေသည်။ရီပေါ်အခန်းထဲသို့ ရောက်သောအခါ အခန်းတံခါးကို နောက်ကြော ပေးလျက် ထိုင်နေသော....ကျန့်ကောရဲ့ ဖြူဖပ်ဖပ် မျက်နှာလေး ၊မျက်လုံး ထောင့် နား မှာလည်း မျက်ရည်များ စီးကျလျက်၊နောက်ပြီး...ဖြူဖပ်နေသော ......နှုတ်ခမ်းများနှင့်.....ရီပေါ်နာမည်ကို ခေါ်၍ တောင်းပန်နေသည်။
ရီပေါ် ....ရှောင်ကျန်း၏ နောက်ကြောဘက်မှ သိုင်းဖတ်လိုက်လေသည်။ထို့နောက်........
"ကော.....ဘာတွေပြောနေတာလဲ?....ဘယ့်သူ့ကို တောင်းပန်နေတာလဲ?......"
ရီပေါ်၏ အထိအတွေ့လေးနဲ့.... အသံလေးကိုကြားတော့.....ရှောင်ကျန်း ရီပေါ်အား
တင်းကြပ်နေအောင် ဖက်ထားလေသည်။မျက်လုံးအိမ်များတွင်လည်း မျက်ရည်များပြည့်လျက်......ငိုနေသည်။
YOU ARE READING
မြင်နိုင်မလား (Zg+Uni)
Fanfictionကျွန်တော့်ရင်ထဲကို ဘာလို့တစ်ခါလောက်တောင် မြင်အောင်မကြည့်တာလဲ ဟင် .... ကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်လျက် ကျန့်ကော ခင်ဗျားကို ချစ်မိခဲ့လို့ .... ကျွန်တော့ အခြေအနေက ကျန်ကော့ခင်ဗျားကို ချစ်တယ်လို့ ပြောဖို့ အခွင့်အရေး မပေးခဲ့လို့.... အဲ့ဒါကြောင့်...