မြင်နိုင်မလား -36

1.2K 33 0
                                    

[Zawgyi]
ရှောင်ကျန်းတစ်ယောက် တစ်ညလုံမအိပ်ပဲ ရီပေါ်အိပ်ပျော်သည်အထိ အိပ်ချင်ဟန် ‌ဆောင်နေလေသည်။ရီပေါ် အိပ်ပျော်သောအခါမှ ရှောင်ကျန်းတစ်ယောက် ကုတင်ပေါ်မှ အသာလေးဆင်း၍  အိမ်အောက်ထပ်သို့သွားလေသည်။ အိမ်အောက်ထပ်သို့ရောက်သောအခါ.....
‌ရှောင်ကျန်း တစ်ယောက်  တစ်အိမ်လုံးနှင့်ဆက်သွယ်ထားသော မိန်းခလုပ်ကြီးအား......ပိတ်ချလိုက်သည်။ ထို့နောက်
အခန်းထဲသို့ ပြန်မည်အလုပ် အနောက်မှ တစ်ခုခုနှင့်တိုက်မိသောကြောင့် ရှောင်ကျန်းတစ်ယောက် လန့်ဖြန့်သွားလေသည်။

"ခင်ဗျား....ဘာလုပ်နေတာလဲ?....."

ရီပေါ်၏ အသံကို ကြားလိုက်သောကြောင့် ရှောင်ကျန်းတစ်ယောက် ဘာပြောရမှန်းမသိဖြစ်နေလေသည်။

"ငါ....ငါ....ဘာမှမလုပ်ပါဘူး.......ဒီအတိုင်း....ဟီဟီ......ဒီအတိုင်းပဲ........"

ရှောင်ကျန်းတစ်ယောက် လူမိ၍  ရီရခက်ခက် ငိုရခက်ခက်ပင် ဖြစ်နေတော့သည်။

"မဟုတ်တာတွေ ......လျှောက်လုပ်မနေနဲ့....."ဟု
ပြောပြီး.....
ရှောင်ကျန်းချထားသော မိန်းအား ပြန်တင်လိုက်လေသည်။

ထို့နောက် ......အခန်းထဲသို့ ရှောင်ကျန်းနှင့် ရီပေါ်တို့
နှစ်ယောက်လုံးပြန်ဝင်သွားလေသည်။
အခန်းထဲရောက်သော် ရှောင်ကျန်း၏ ဆုတောင်းပြည့်သည် ထင်သည်။ မီးသည် ရုတ်တရက်ပြတ်သွားလေသည်။
‌ဆောင်းတွင်းကာလ ဖြစ်သောကြောင့် အခြားရာသီများထက် အချမ်းဓာတ် လွန်ကဲနေ‌လေသည်။ ထို့‌ကြောင့် ရှောင်ကျန်းနှင့် ရီပေါ်တို့ ကုတင်ပေါ်တွင် ရှိသော စောင်တစ်ထည်တွင်း၌သာ ‌ပုစွန်ထုပ် ကဲ့သို့ ကွေးနေကြလေသည်။ထို့နောက် ညလယ်ရောက်လေ
ချမ်းလေ ဖြစ်သော ရှောင်ကျန်းတို့ မြို့၏
ရာသီဥတုကြောင့်  နှစ်ယောက်သား ကွေး၍ တစ်ဖြည်းဖြည်း နီးကပ်လာလေသည်။

မနက်ရောက်သော်........
ရှောင်ကျန်းနှင့် ရီပေါ်တို့ တစ်ယောက်ကို တစ်ယောက် ကွေးနေအောင် ဖတ်ထားကြလေသည်။

"ရီပေါ်....ရီပေါ်.....
ရီပေါ်.....ကလေးလေးရေ......ထတော့...."ဟု ရှောင်ကျန်းတစ်ယောက် ရီပေါ်အား အသံတိုးတလည့်
ကျယ်တလည့် နှင့် စ‌နောက်၍ ခေါ်လေသည်။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now