ပြတင်းပေါက်မှ မနက်ခင်းနေရောင်ခြည်လေးရဲ့ ဝင်ရောက်မှာကြောင့် ရီပေါ်တစ်ယောက်နိုးလာသည်။ထို့နောက်မိမိကို ဖက်ထားသော ရှောင်ကျန်းအား ခဏကြည့်နေမိလေသည်။ ရှောင်ကျန်းသည် မိမိအားကြည့်နေသော ရီပေါ်ကို စချင်သောကြောင့်
အိပ်ဟန်ဆောင်နေခြင်းဖြစ်သည်။ ထို့နောက် ရီပေါ်နိုး၍ မိမိကိုကြည့်နေသောကြောင့်..."ဟိတ် !.....ကောင်လေး....လူကို အာ့လောက်ထိ မကြည့်နဲ့လေ......"
"အာ!....အိပ်နေတာ ဟုတ်ဘူးလာ...."
ရီပေါ်ပြောရင်း.......မျက်နှာနှင့်နားရွက်တို့ကပါ နီမြန်းလာသောကြောင့်.....ရှက်နေမှန်း သိသာလေသည်။ထို့နောက် ရှောင်ကျန်းက ရီပေါ် နဖူးလေးအား အသာအယာလေး နမ်းလေသည်။
"အိပ်ယာထ ကျရအောင်....ဒီနေ့ကျောင်းသွားရမယ်လေ....."
.......................................
"ရှောင်ကျန်းနဲ့ ရီပေါ်ရေ .!!!...ဒီမှာလာကြည့်ပါဦး....."
မားခေါ်နေသဖြင့် အပြင်ကို အပြေးအလွှားကြည့်မိရာ........
"ဆောင်ရာသီမှာ.......
ပထမဆုံးကျတဲ့နှင်း.........တကယ်လှသည်" ဟု
မား ကရေရွတ်လိုက်လေသည်။ဆောင်းရာသီတွင် ပထမဆုံးနှင်းကျတဲ့အခါ ဆုတောင်းလျှင် ပြည့်တတ်သည်ဟု အဆိုရှိသောကြောင့် ရှောင်ကျန်းနှင့်ရီပေါ်ကတော့ ...
အသေအချာ ဆုတောင်းနေလေသည်။.........................................
ထို့နောက် ကောင်လေးနှစ်ယောက်သည် အဖြူရောင် နှင်း များကြားထဲတွင် စက်ဘီးတစ်စီးကိုတွန်းလျက် လက်ချင်းချိတ်၍ ကျောင်းသို့သွားခဲ့လေသည်။
သူတို့ပုံစံလေးတွေကြည့်ရတာ.....နားလည်မှု
အပြည့်ထားလျက် တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပုံပေါ်သည်။ တစ်ခါတစ်ခါတွင် တစ်ယောက်ပေါ် တစ်ယောက် သဝန်တို၍ စိတ်ဆိုး စနောက်ကျလေသည်။နောက်ပြီးဘယ်သော အခါတွင် မဆို ချစ်ရတဲ့သူအတွက် အရာရာကိုစွန့်လွှတ်နိုင်သည်။ပေးဆပ်နိုင်သည်။ဘာလိုလိုနဲ့.....ရှောင်ကျန်းနှင့်ရီပေါ်တို့ လက်တွဲလာတာ.......ဆောင်းဥတုကို သုံးကြိမ်လောက် ဖြတ်သန်းပြီးနေလေသည်။နှစ်တိုင်းရဲ့ ချစ်သူဖြစ် နှစ်ပတ်လည်နေ့တွေမှာ......
တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်လျှက်.....ထိုနေ့တွေကို ဖြတ်သန်းကြသည်။ပြီးနောက် တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားလျက် မရိုးနိုင်သော အချစ်များဖြင့် ချစ်ကြလေသည်။
YOU ARE READING
မြင်နိုင်မလား (Zg+Uni)
Hayran Kurguကျွန်တော့်ရင်ထဲကို ဘာလို့တစ်ခါလောက်တောင် မြင်အောင်မကြည့်တာလဲ ဟင် .... ကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်လျက် ကျန့်ကော ခင်ဗျားကို ချစ်မိခဲ့လို့ .... ကျွန်တော့ အခြေအနေက ကျန်ကော့ခင်ဗျားကို ချစ်တယ်လို့ ပြောဖို့ အခွင့်အရေး မပေးခဲ့လို့.... အဲ့ဒါကြောင့်...