[Zawgyi]
ရီပေါ်သည် ရှောင်ကျန်းအား စကားပြောချင်သော်လည်း ဆရာမကစာစသင်တော့မည် ဖြစ်သောကြောင့် ရီပေါ် ရှောင်ကျန်းအား စကားမပြောမိပေ။
.
.
.
"ရီပေါ်....ငါတို့နဲ့ ထမင်းအတူလိုက်စားလေ ... နင့်အကိုလေး ( ရှောင်ကျန်း )တို့လည်း အတူတူပဲ သွားစားကြမှာ...လိုက်မယ်မလား..."
ယီဘင်မှပြောသဖြင့်
"ဟုတ်...ယီဘင်ကော ...ကျွန်တော်လိုက်ခဲ့ပါ့မယ်..."ကန်တင်းသို့ရောက်တဲ့အထိ ရှောင်ကျန်း သည်ရီပေါ်အား စကားတစ်ခွန်းမှ မပြောပေ။
ရှောင်ကျန်းသည် ရီပေါ်အား မုန်းနေ၍ စကားမပြောခြင်းတော့မဟုတ်။ ရှောင်ကျန်း၏ စိတ်ထဲတွင် မိမိအိမ်မှ အလုပ်သမားတစ်ယောက်ဟာ
မိမိနှင့်ကျောင်းအတူ ၊အတန်းအတူ တက်နေခြင်းကိုတော့ ရှောင်ကျန်းအလိုမကျ ။
ထို့ကြောင့်ရီပေါ်အားစကားမပြောခြင်း ဖြစ်သည်။"ကျန်ကော..... ဘာလို့ထမင်း နည်းနည်းပဲစားတာလဲ....စားမကောင်းလို့လား..... ကျွန်တော်ဘာသွားဝယ်ပေး ရမလဲဟင်...."
" ရတယ်....မလိုပါဘူး....."
ရှောင်ကျန်းရီပေါ်အားပြောလိုက်ခြင်းဖြစ်သည်။ညနေကျောင်းဆင်းချိန်ရောက်သော်......ရှောင်ကျန်းကားလေးနှင့် အိမ်သို့ပြန်ရောက်ခဲ့လေသည်။
ရီပေါ်ကတော့ ကျောင်းမှအိမ်သို့ စက်ဘီးနှင့်သာ ပြန်ရသဖြင့် ရှောင်ကျန်းထက် အိမ်ပြန်ရောက်နောက်ကျလေသည်။ ရီပေါ်အိမ်ပြန်ရောက်ရောက်ချင်း အိမ်တော်ထဲမှ ရှောင်မားမား ၏ ခေါ်သံကြားသောကြောင့် အလျင်အမြန်စက်ဘီးထားကာ ရှောင်မားဆီသို့ သွားလေသည်။"ရီပေါ် ...ဘာလို့အိမ်ပြန်နောက်ကျတာလဲ....နင် ဘယ်တွေသဝေထိုးနေလဲ ...နင့်အကိုလေးတောင် ပြန်ရောက်ပြီး ...နင်ကအခုမှပြန်လာတယ် ...ရီပေါ်နော် ...နင့်ကို ငါ့ယောကျာ်းက အခွင်းအရေးနည်းနည်းပေးတာနဲ့ ရောင့်တက်နေတယ်နော်....."
"မဟုတ်ပါဘူး ....ရှောင်မားမား ....ကျွန်တော်တောင်းပန်ပါတယ် နောက်ခါ အိမ်ကိုစောစော ပြန်လာပါ့မယ်...."
"ပြီးတာပဲ....အဲ့ဒါဆိုလည်းမင်း အပြစ်မင်းသိတယ်မလား....."
"ဟုတ်....ကျွန်တော်သိပါတယ်..."
"သိပြီးဆိုရင် .....ဟိုမှာ ...ခြံပြင်နားမှာ ပန်းအိုးလေး ရှစ်အိုးရှိတယ် ... သွားသယ်ပြီးခြံအနောက်မှာသွားထားလိုက် ...."
YOU ARE READING
မြင်နိုင်မလား (Zg+Uni)
Fanfictionကျွန်တော့်ရင်ထဲကို ဘာလို့တစ်ခါလောက်တောင် မြင်အောင်မကြည့်တာလဲ ဟင် .... ကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်လျက် ကျန့်ကော ခင်ဗျားကို ချစ်မိခဲ့လို့ .... ကျွန်တော့ အခြေအနေက ကျန်ကော့ခင်ဗျားကို ချစ်တယ်လို့ ပြောဖို့ အခွင့်အရေး မပေးခဲ့လို့.... အဲ့ဒါကြောင့်...