မြင်နိုင်မလား -57

2.2K 108 82
                                    

ရီပေါ် ရှောင်ကျန်း ရှိနေသော ကော်ရစ်တာနားလေးသို့ လာခဲ့လေသည်။

"ကော!......ကျွန်တော်ပြောတာ တစ်ချက်လောက် နားထောင်‌ပေးပါလားဟင်......."

" မင်းဆေးရုံကို ဘာလာလုပ်တာလဲ?.......ဘာလဲ ငါကလောလော့ ကိုယ်ဝန်ပျက်ကျသွားပြီဆိုတော့ မင်းဆီပြန်လာမယ်လို့ ထင်နေတာလား?....."

"အဲ့လို.......မဟုတ်...."

"ထွက်သွား.......ငါမင်းကို မမြင်ချင်တော့ဘူး........
နောက်တစ်ခါ ငါ့အရှေ့ကို တစ်သက်လုံးမပေါ်လာပါနဲ့တော့.......မဟုတ်ရင် ငါမင်းကို သတ်မိလိမ့်မယ်........ငါမင်းကို အရင်ကခင်မင်းဖူးခဲ့တဲ့ မျက်နှာကြောင့် မင်းကိုဘာမှမလုပ်ဘဲ ငြိမ်နေတာကို အကောင်းထင်မနေနဲ့........ငါစိတ်တိုလာရင်......မင်းအသက်မရှိတော့အောင် ငါကိုယ်တိုင် မင်းကိုသတ်မယ်......"

ရှောင်ကျန်းတစ်ယောက် ရီပေါ်အား အသက်မပါသော မျက်လုံးများဖြင့်ကြည့်၍ ပြောနေ‌လေသည်။

ရီပေါ်က မတ်တပ်ရပ်‌နေရမှ ရှောင်ကျန်း
အရှေ့အား ဒူးနှစ်ဖက်ထောက်၍.........

"ကျန့်ကော.....လောလော့က တကယ်တော့ ဘာကိုယ်ဝန်မှ မရှိပါဘူး ‌ကော......အဲ့တာသူနဲ့ သူ့မားပြောနေတာကို ကျွန်တော်နားနဲ့ ဆက်ဆက် ကြားခဲ့တာပါ ‌ကော........ကျွန်တော့်ကို ယုံပေးပါနော်.....ကော.....ကော..."

ရီပေါ်က ရှောင်ကျန်းအား  သူ့ကိုယုံပေးရန် ငိုယိုပြီးပြောနေသော်လည်း.......ရှောင်းကျန်းက ရီပေါ်ရဲ့ စကားကိုပင် ဂရုမစိုက်ဘဲ.....အရှေ့တွင် ဒူးထောက်ပြီး ငိုယိုနေသော ရီပေါ်၏ ရင်ဝအား ‌ခြေထောက်ဖြင့် စောင့်ကန်လိုက်သောကြောင့်.......
ရီပေါ်မှာ သံမန်တလင်းကြမ်းပြင်ပေါ်သို့ ပက်လက်ကျလေသည်။

"ခွေးကောင်!!!.......အောက်တန်းကျတဲ့ကောင်.!!....
ငါလေ.....မင်းကို ချစ်ခဲ့မိတာ ‌နောင်တရတယ်
ငါလေမင်းကို မြင်ရင် စိတ်နာတယ်......မင်းကိုတစ်ခါမြင်လိုက်တိုင်း ငါ့စိတ်ထဲမှာ မင်းကို အကြိမ်ကြိမ်သတ်ပြီး‌နေပြီး....ငါ ငါ့ကလေးသေသွားခဲ့သလိုမျိုး...မင်းကိုလည်း အကြိမ်ကြိမ်အခါခါ သေစေချင်တယ်.!......
ငါမင်းကို မုန်းတယ်.!!.....
မင်းငါ့ရှေ့ကနေ ထာဝရပျောက်သွားပေးပါ......
အေ .......ငါရှေ့မှာ နောင်တစ်ခါမင်းကိုတွေ့တဲ့နေ့ ငါကိုယ်တိုင်မင်းကို သတ်မဲ့နေ့ပဲ......."

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now