မြင်နိုင်မလား -34

1.2K 48 7
                                    

ရီပေါ် ရှောင်ကျန်းအား ဆရာဝန်နှင့်ပြပြီးသော်......
ချက်ချင်းမထွက်သွားဘဲ......ရှောင်းကျန်း မနိုးခင်အချိန်ထိ .....အနားနေပေးလေသည်။ ရှောင်ကျန်းနိုးမှသာ.........

"အဟယ်......ခင်ဗျားတောင်နိုးလာပြီနော်......
ကျွန်တော်က စောင့်နေတာ......ခင်ဗျားနိုးလာရင်.....
လက်မှတ်ထိုးဖို့.....ဟော့ဒီမှာ စာရွက်အထပ်လိုက်ရှိတယ်.........."

"ဟင်အင်း.......မထိုးပေးနိုင်ဘူး...."

"ရတယ်လေ......ခင်ဗျားက မထိုးနိုင်လဲ ကိစ္စမရှိပါဘူး......ကျွန်တော်ကတော့.......‌ ‌ရှောင်မိန်နဲ့ လက်ထက်မှာပဲ....."

"ဘယ်လို!!......ဟင်အင်း မရဘူးနော်.....ကောက လွဲပြီး ရီပေါ်ဘယ်သူ့ကိုမှ လက်ထက်လို့မရဘူးနော်.....ကော သဘောမတူဘူးနော်......."

"ဟက်.......ခင်ဗျားသဘောမတူလည်း ဂရုမစိုက်ပါဘူး......အရေးကြီးတာ ရှောင်မိန် လက်ခံဖို့ပဲ...."

ရီပေါ်တစ်ယောက် ရှောင်ကျန်းအား ပြောချင်ရာပြောပြီး........အခန်းထဲမှ ထွက်သွားလေသည်။

..............................................

7:00AM

ရှောင်ကျန်း တစ်ယောက်အိပ်ယာမှ နိုးလာသည်။ခါတိုင်းနေ့များကဲ့သို့ပင်......လုပ်စရာရှိသည့်အလုပ်များကို လုပ်နေလေသည်။ထို့နောက်ရီပေါ်မုန့်စားရန် မီးဖိုခန်းသို့ ဝင်လာလေသည်။ထို့နောက်ရှောင်ကျန်းကို တွေ့သည်နှင့်တပြိုင်နက် မျက်ခုံးနှစ်ဖက်ကို တွန့်၍ စားလက်စ မုန်းများကို ချကာ အပြင်သို့ ထွက်သွားလေသည်။

အရင်နေ့များတွင် ရီပေါ်က ရှောင်ကျန်း၏ပိုင်ဆိုင်သြူဖစ်‌ကြောင်း မသိသေးသောကြောင့်..... အစေခံလိုသာ  နေခဲ့သည်။သို့ပေမဲ့ ဖွင့်ပြောပြီးရက်မှစပြီးရီပေါ်နဲ့ ရှောင်ကျန်းက သက်ဆိုင်သူဆိုတာ ရီပေါ်ကို ပြောပြီးပြီးနောက်......
ရှောင်ကျန်းသည် မိမိအား ရီပေါ် ပြန်ချစ်ရန် ပြန်မှတ်မိစေရန် စတင်ကြိုးပမ်းတော့သည်။

"ရီပေါ် ကောကအရင်‌နေ့ကလို ကွာရှင်းခိုင်းတိုင်း
ငိုမဲ့ ကောင်လေးမဟုတ်တော့ဘူး။ရီပေါ်ဆီက အချစ်တွေက ကော့အတွက် တစ်ကယ်အစစ်လို့ သိပြီးတဲ့‌နောက်မှာ ကော ရီပေါ်ကို ဘယ်တော့မှ လက်မလွှတ်ခဲ့ဘူး။ အခုလည်း လက်လွှတ်ဖို့မပြောနဲ့
အရင်ကထက်ပိုပြီးဆွဲထားမှာမို့  ကော့ဆီက‌နေ ထွက်သွားဖို့‌ ‌ မစဉ်းစားပါနဲ့......"ဟု
ရှောင်ကျန်းတစ်ယောက်ထဲသာ ရေရွတ်နေမိသည်။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now