မြင်နိုင်မလား -11

2.2K 69 0
                                    

[Zawgyi]
ဘာလိုလိုနဲ့ ရန်ပုံငွေစုဆောင်းပွဲနေ့ရောက်လာလေသည်။

အရှေ့မှကျောင်းသားများအသီးသီး သီဆိုရာမှ ရီပေါ် အလှည့် ‌ရောက်လာလေသည်။ရီပေါ်သည် မိမိနှင့်အတူဆိုရန်....လူရှာသော်လည်းမရသဖြင့် ရီပေါ်တစ်ယောက်ထဲသာ ဂီတာတီးပြီး သီချင်းဆိုလေသည်။ ရီပေါ်သည် စင်ပေါ်တွင် ဂီတကိုကိုင်တာ မျက်ဝန်းများကလည်း ရှောင်ကျန်းကို ဦးတည်လျက်......


ခံစားချက်အပြည့်နဲ့ သီချင်းဆိုနေသောရီပေါ်ကြောင့်
ရှောင်ကျန်းပင် အနေခက်လာရသည်။စိတ်ထဲတွင် လည်း
ရီပေါ် သည် မိမိအပေါ် အတော်အလေးနက် ထားမှန်း ရှောင်ကျန်းသတိထားမိသွားသည်။

................................

ရှောင်ကျန်းတို့သီချင်းဆိုရန် အလှည့် ‌ရောက်ခါနီးအချိန်တွင် .......လောလော့ကို မတွေ့။
ဖုန်းဆက်လည်း မကိုင်သောကြောင့်......ရှောင်ကျန်း စိတ်တွေလည်း ပျက်မိသည်။ ယီဘင်တို့နှင့် အခြားသူငယ်ချင်းများကို အကူညီ ‌တောင်း‌သော်လည်း......သီချင်းအား ဆိုရန် အဆင်မ‌ပြေ၍ မည်သူမှ ရှောင်ကျန်းကို မကူညီနိုင်ကြပေ။ရှောင်ကျန်း စိတ်ပျက်ပျက်နဲ့ သီချင်းစာရွက်အား လုံးချေပြီး ခေါင်းငိုက်စိုက်နေစဉ်............

"ကော......ကျန့်ကော......ကျွန်တော် ကူညီလို့ ရမလား......."
ရီပေါ်အပြော‌ကြောင့် .......ရှောင်ကျန်းရီ‌ပေါ်ကိုမော့ကြည့်မိလေသည်။

ထို့နောက်အလျင်အမြန်ပဲ ရီပေါ်လက်ကိုဆွဲ၍ စင်ပေါ်သို့ ‌ပြေးတက်သွားလေသည်။ရှောင်ကျန်းသည် ရီပေါ်နှင့် အနေနီးလာသောကြောင့် ရီပေါ်၏ အကျင့်သည် သူထင်သလောက် မယုတ်မာဘူးဆိုတာ ရှောင်ကျန်းသိလာသည်။ထို့ကြောင့် ရီပေါ်နှင့် လောလော့ကိစ္စကို ဘယ်သူကအမှား ဘယ်သူကအမှန် သူမစဉ်းစား‌တော့ပဲ ရီပေါ်ကို အရင်တိုင်းပဲဆက်ဆံမည်ဟု သူတွေးလေသည်။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now