ရီပေါ် ရှောင်ကျန်းအခန်းထဲ ဝင်မည်အလုပ်........
ယီဘင်ထွက်လာသောကြောင့်.....ရှောင်ကျန်းအခန်းအားမဝင်ဘဲ ရီပေါ် ကိုယ့်အခန်းကိုသာ ဝင်သွားလေသည်။ရှောင်ကျန်းအတွက်ဝယ်လာသော မုန့်များကိုလည်း......အမှိုက်ပုံးထဲ ထည့်၍ ....ဟိုနေ့ကမှ စိတ်တိုတိုနှင့်လုပ်ခိုင်းထားသော စာရွက်လေးအားယူ၍ ရှောင်ကျန်းအခန်းထဲသို့ သွားလေသည်။"ရီပေါ်!!!....."
ရှောင်ကျန်း....မိမိအားရီပေါ်လာကြည့်သောကြောင့်
အပျော်လွန်၍ ရုန်တရက်ထလိုက်ရာ.....ခြေဖဝါးကဒဏ်ရာကြောင့်.........မထနိုင်ပဲ ပြန်ပြုတ်ကျလေသည်။ခြေထောက် နာနေသောကြောင့် ကြမ်းပြင်ပေါ်သို့ ပုံဆိုးပန်းဆိုးကျမည်ဟု ထင်နေသော်လည်း......ရီပေါ်၏ ခါးမှ ထိန်းထားပေးသောကျေးဇူးကြောင့် ...
ရှောင်းကျန်း ကြမ်းပြင်သို့ မှောက်ခုန်မကျဘဲ .......ကြမ်းပြင်နှင့်ကျောကပ်သွားသော ရီပေါ်ပေါ်သို့ ထပ်လျက် ကျလေသည်။ဘယ်လိုပဲ ဖြစ်ဖြစ် ရှောင်ကျန်းပျော်မိသည်။ ရီပေါ်က သူ့ကိုမေ့နေတာတောင် ဂရုစိုက်သေးမှန်း သိရတော့ ရှောင်းကျန်းတစ်ယောက် ခံစားရသော ဝေဒနာတွေက ချက်ချင်း သက်သာသွားသလို.....ရင်ထဲမှာလည်း.....ပြောပြမတက်သော ခံစားချက်တွေ ဖြစ်နေလေသည်။
"အဟမ်း!.....
ခင်ဗျားထတော့.....ကျွန်တော်လေးနေပြီး......""ဟမ်!...အော်...အေ...အေ့ပါ.....ရီပေါ်.......ကလေး..
ကော့ကိုလာကြည့်တယ်နော်.....ကော ဝမ်းသာလိုက်တာ....."ရှောင်ကျန်း ဖြူဖပ်ဖပ်မျက်နှာနှင့် ရီပေါ်အား နှစ်လိုသော အပြုံးများကို ပြုံးပြလေသည်။
ထိုအပြုံးကို ရီပေါ် သဘောကျမိသည်။ ရင်ခုန်နေမိသည်။ရှောင်ကျန်းဆိုသော ဒီလူကြီးနားမှာ ကလေးတစ်ယောက်လိုဆိုးပြီး.....
ချွဲချင်မိသည်။သို့သော်လည်း.......
ပါး၏ သွေးထိုးစကားများနှင့် ခုဏက အခန်းထဲမှထွက်လာသော ယီဘင်ကြောင့်.....ရီပေါ် ရှောင်ကျန်းအား....စိတ်တိုမိသည်။
ရီပေါ် ယီဘင်အား
မှတ်မိသော်လည်း....ရှောင်ကျန်းနှင့် ဘာတော်လဲ မသိ၍ ယီဘင် ရှောင်ကျန်းအခန်းမှ ထွက်လာသည်ကို မြင်လိုက်သောအခါ.....ရီပေါ်စိတ်တွေ ရှုပ်ထွေးသွားလေသည်။
YOU ARE READING
မြင်နိုင်မလား (Zg+Uni)
Fanficကျွန်တော့်ရင်ထဲကို ဘာလို့တစ်ခါလောက်တောင် မြင်အောင်မကြည့်တာလဲ ဟင် .... ကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်လျက် ကျန့်ကော ခင်ဗျားကို ချစ်မိခဲ့လို့ .... ကျွန်တော့ အခြေအနေက ကျန်ကော့ခင်ဗျားကို ချစ်တယ်လို့ ပြောဖို့ အခွင့်အရေး မပေးခဲ့လို့.... အဲ့ဒါကြောင့်...