စိတ္တဇ ဆေးရုံထဲတွင် ကောင်လေးတစ်ယောက်က အမြဲတမ်းအခြားကောင်လေးတစ်ယောက်ရဲ့ နာမည်ကို ခေါ်နေတတ်ပြီး.......အမြဲလိုလို ငိုလေ့ရှိသည်။ထိုငိုနေသော ကောင်လေးမှာ ရှောင်ကျန်းဖြစ်ပြီး........လွန်ခဲ့သော နှစ်နှစ်က ကိုယ့်ကိုကိုယ်သတ်သေသော်လည်း.......အရေးပေါ်ကုသခြင်းခံရသောကြောင့်......အသက်မသေခဲ့ပေ။သို့သော် လောလော့အားသတ်သောအမှုနှင့် ထောင်ကျခဲ့လေသည်။ထောင်ကျသော ကာလတွင်လည်း.....ရီပေါ်၏ ဓါတ်ပုံလေးအား
ကိုယ်နှင့်မကွာဆောင်ထားတတ်ပြီး......ညဘက်တွင်လည်း မအိပ်ဘဲ ထိုဓါတ်ပုံနှင့်သာ စကားတွေပြောလေ့ရှိခဲ့သည်။အမြဲတမ်းလိုလို အိမ်မက်ဆိုးတွေ မက်တတ်ပြီး.......ကိုယ့်ကိုကိုယ် သတ်သေရန်လည်း...မကြာခဏ ကြိုးစားလေ့ရှိသည်။
သို့သော် ရဲသားများ၏ အကူညီကြောင့် သေကြောင်းကြံရာ....မအောင်မြင်ခဲ့ချေ။ နောက်ဆုံးတစ်ခေါက်.....နောက်ဆုံး....စိတ္တဇဆေးရုံကို မရောက်ခင် နှစ်ရက်အလိုမှာ.....အုတ်နံရံကို ခေါင်းနှင့်ဆောင့်၍........သေရန်ကြံခဲ့လေသည်။
ထို့ကြောင့်.......ရှောင်ကျန်း၏.....ကျန်းမာရေးနှင့် စိတ်ရောဂါ အခြေအနေကို စစ်ဆေးကြည့်ရာ.........
ရှောင်ကျန်း၏ စိတ်ရောဂါအခြေအနေမှာ......
အလယ်အလတ်အဆင့်ရောက်နေပြီ ဖြစ်ကြောင်း သိရှိခဲ့ရသည်။ကြိုးစား၍ ကုသလျှင်သက်သာ လာနိုင်သလို.......ကုသရင်းနှင့်ပင် နောက်ဆုံးအဆင့်ကိုလည်း.....ရောက်နိုင်မည့် အခြေနေ ဖြစ်သောကြောင့်.........
ထောင်မှူးကိုယ်တိုင်ကပင် ရှောင်ကျန်းကို စိတ္တဇဆေးရုံကိုသာ ပို့ထားလေသည်။"မဟုတ်ဘူး!......ရီပေါ်....
ရီပေါ်ကို...ကော မချစ်ခဲ့တာ မဟုတ်ပါဘူး........
ကော...........ရီပေါ်ကို အရမ်းချစ်တာ!......
ဘယ်သူပြောလဲ?!.......ကော ရီပေါ်ကို တကယ်မချစ်ဖူးလို့..........ဘယ်သူပြောလဲ?!...
ပြော!.....ရီပေါ်ကို ပြောတဲ့လူ ကော.....ကော သွားသတ်မယ်!........ဟား!!!........ကလေးလေး ဘာလို့ငိုနေတာလဲ?.......
မငိုနဲ့လေ........တိတ်တိတ်.......ဘာလဲ?!....
ကောက ကလေးနောက် မလိုက်ခဲ့လို့......ကလေးကဝမ်းနည်းနေတာလား?....
ဟင်အင့်!.......မငိုရဘူးနော်.......ကော ...ကော လိုက်ခဲ့မယ်.........ကော အခုလာပြီး......."
YOU ARE READING
မြင်နိုင်မလား (Zg+Uni)
Fanfictionကျွန်တော့်ရင်ထဲကို ဘာလို့တစ်ခါလောက်တောင် မြင်အောင်မကြည့်တာလဲ ဟင် .... ကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်လျက် ကျန့်ကော ခင်ဗျားကို ချစ်မိခဲ့လို့ .... ကျွန်တော့ အခြေအနေက ကျန်ကော့ခင်ဗျားကို ချစ်တယ်လို့ ပြောဖို့ အခွင့်အရေး မပေးခဲ့လို့.... အဲ့ဒါကြောင့်...