မြင်နိုင်မလား -44

1.9K 90 24
                                    

7:00Am.........

ရှောင်ကျန်းတစ်ယောက် မနက်နေ၏ အနွေးဓာတ်ကြောင့်အိပ်ယာမှ နိုးလာလေသည်။အိပ်ယာနိုးနိုးချင်း ဘေးနားမှ ကောင်ဆိုးလေးကို တွေ့သဖြင့် ခဏတာ ငေးကြည့်နေမိလေသည်။

"အော်......ဒီကောင်‌လေးအနားက ငါထွက်သွားရ
‌ ‌တော့မှာပါလား........"

‌ရှောင်ကျန်းတစ်ယောက် တွေးနေမိတုန်း.........

ထို့နောက် မျက်စိရှေ့တွင် ထိုကောင်လေးက လှုပ်လှုပ်နှင့် နိုးလာတော့မည် ဖြစ်သောကြောင့်.......
ရှောင်ကျန်းတစ်ယောက် မျက်လုံးအသာလေးမှိတ်၍
အိပ်ချင်ဟန်ဆောင်နေလိုက်သည်။

ခဏအကြာ ထိုကောင်လေးက နိုးလာပြီး......
ရှောင်ကျန်း၏ နဖူးပြင်ထက်တွင် ......အနမ်းနွေးနွေးလေး ......ပေးသွားသေးသည်။
နှုတ်ခမ်းပါးတစ်စုံကလည်း အနမ်းပေးပြီး.......
morning kissလို့ ပြောသွားသေးသည်။

ထိုကောင်လေး အိပ်ယာမှထပြီး......ရေချိုးခန်းသို့ ဝင်သွားတော့မှ အိပ်ယောင်ဆောင်တဲ့ ရှောင်ကျန်းတစ်ယောက် ပြောမပြတတ်စွာ ပြုံးမိလေသည်။

"ရီပေါ်......ကလေး မင်း ကော့ကို ချစ်နေ‌သေးတယ်မလား.......ဒါဆိုဘာကြောင့်......ကော့အနားက ထွက်သွားဖို့ပဲ ပြောနေရတာလဲ?....ကောလေ ရီပေါ်နှင့်အတူဆိုရင်
ဘယ်အခက်အခဲမျိုးမဆို ရင်ဆိုင်နိုင်ပါတယ်......"

ေ ရှာင်ကျန်းတစ်ယောက်လည်း ........ရီပေါ်သူ့အား
ချစ်နေသေးသည်ကို သိရသောကြောင့် ရီပေါ်အနားတွင်နေ၍ ဒီသုံးပတ်အတွင်း.......ရီပေါ် ရှောင်ကျန်းအနားက ထွက်သွားချင်တဲ့စိတ် ပျောက်သွားအောင် လုပ်ရမည်ဟု
ကြုံးဝါးလိုက်လေသည်။

ရီပေါ် မျက်နှာသစ်ပြီးပြီးချင်း အခန်းထဲဝင်လာသောအခါ.......ကုတင်ပေါ်တွင် အကျအန နှင့် ငုပ်တုတ် ထိုင်နေသော ရှောင်ကျန်းအား......ရုတ်တရက်တွေ့လိုက်၍ ရီပေါ်တို့ လန့်ဖြန့်သွားလေသည်။

"ကော.....ဘာထိုင်လုပ်နေတာလဲ?.....လန့်သွားတာပဲ......"

"ဟီဟီ.......လန့်သွားလား......"

"အင်....."

"မလန့်ပါနဲ့......ငါမင်းနဲ့ ဆွေးနွေးစရာရှိလို့ပါ......."

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now