မြင်နိုင်မလား -6

1.5K 37 0
                                    

"ကဲ......ဒီနေ့သောကြာနေ့ရှိပြီး ပိတ်ရက်ကျရင်.....လေ့လာရေးခရီးသွားရမယ်နော်.....အာ့လိုလေ့လာရေးသွားပြီးရင် တစ်ယောက်ချင်းစီကနေ စာစီစာကုံးထပ်ရမယ်......"
"ဆရာမ....ခေါင်းစဉ်ကရော......."
"As you like....."
.
.
.
"ဟေး ရှောင်ကျန်းတို့ မြန်မြန်လုပ်....ကားလာနေပြီး....."
"အေ့ပါ...ယီဘင်ရာ .....ဘယ်ထဲကသွားချင်နေလဲမသိဘူး.....ကဲကိုကဲ လွန်းတယ်......."
.
.
ကားပေါ်ရောက်တော့ ‌ယီဘင်နဲ့
ကျန်ချန်းက အနောက်နားက နှစ်ယောက်ခုံမှာ သွားထိုင်တယ်....
ရီပေါ်က သူတို့အရှေ့‌နှစ်ယောက်ခုံမှာ တစ်ယောက်ထဲထိုင်နေတယ်...
ထို့နောက်ရှောင်ကျန်းက ကားပေါ်တက်လာတော့.....
"ဟေ့‌ကောင့် ရှောင်ကျန်း ဒီနားမှာလာထိုင်......ရီပေါ်နားမှာ‌နေရာလွတ်နေတယ်...
မြန်မြန်လာ....."‌ဟု ယီဘင်က ခေါ်လေသည်။

ရှောင်ကျန့် ရီပေါ်နားမှာလာထိုင်မည်ဆိုတော့ သူတကယ် ပျော်မိပါသည်။ဒါပေမဲ့ သူအပျော်ခဏလေးပါပဲ။
"ရီပေါ် .....ကျဲကို နေရာလဲပေးလို့ရမလား...."
"ဘာလို့လဲ..."
"အနောက်ဆုံးအတန်းမှာက ယောကျာ်းလေးတွေကြီးပဲ အလယ်မှာ ကျဲတစ်ယောက်ထဲဖြစ်နေလို့ မနေရဲဘူး...."
"အယ်..ဟုတ်သားပဲ ......ရီပေါ် ကူညီပေးပါလား.....
ဟိုမှာလူတွေများနေတာပဲ ....ပြီးတော့ အာ့ကောင်တွေက ကောင်းတဲ့ကောင်တွေမဟုတ်ဘူး....တော်ကြာ ငါ့လောလော့ကို သူတို့တွေ ပြစ်မှားနေကြမှာ....ကူညီ‌နော်....မင်းဟိုမှာ သွားနေပေးနော်..." လို့ ရှောင်ကျန်းက မျက်နှာငယ်လေးနဲ့ အကူညီတောင်းတော့ ရီပေါ်ခမျာ
မငြင်းရက်နိုင်ပေ။
သူအလျင်အမြန်ပဲထကာ နောက်ဆုံးအတန်းကို သွားဝင်ထိုင်လိုက်လေသည်။

ဪ ....နောက်ဆုံးတော့လည်း ငါ့ဘဝက အပိုလူပါပဲလား.....မဟုတ်ဘူး သူများအသုံးမလိုတော့တဲ့ အမှိုက်စ တစ်ခုပါပဲလား.....
ရီပေါ်  ကားပြေးလမ်းတစ်လျှောက်လုံး တွေးနေမိသည်။

.
.
.
"ကဲ့ ဒီနေ့တော့.....ဂိမ်းကစားရမယ်။ကစားနည်းက ...စကားဝှက်တွေနဲ့ ဖွက်ထားတဲ့ ပစ္စည်းတွေကို မြေပုံပေါ်မှာကြည့်ပြီး ရှာရမယ်။ ပစ္စည်းအများဆုံးရတဲ့အဖွဲ့က  စာမေးပွဲကျရင် ၁၀မှတ် ပေါင်းထည့်ခံရမယ်။အနည်းဆုံးအဖွဲ့ကတော့ ...ကျောင်းပြန်ရောက်ရင် တစ်ပတ်တိတိ ညနေပိုင်း သန့်ရှင်းရေး လုပ်ရမယ်။တစ်ဖွဲ့လျှင် လူနှစ်ယောက်။ ရီပေါ်နဲ့ လောလော့ တစ်ဖွဲ့ကျသည်။ယီဘင်နှင့် ကျန်ချန်းက တစ်ဖွဲ့ကျသည်။ ရှောင်ကျန်းနဲ့ ဒုတိယနှစ်က ဝမ်ချင်နှင့် တစ်ဖွဲ့ကျလေသည်။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now