မြင်နိုင်မလား - 47

1.8K 92 22
                                    

ရှောင်ကျန်းတို့ အရင်ကနေခဲ့တဲ့ မြို့ငယ်လေးကို ရောက်တော့........ရှောင်ကျန်းက ရီပေါ်အား မားရှိရာနေရာသို့ ခေါ်လာခဲ့လေသည်။

Xiao - "မား......ဒီပတ်ဝန်းကျင်မှာနေရတာ အဆင်ပြေရဲ့လား.........သားနဲ့ပြန်လိုက်‌နေမလား?.."

Mom - "အော်!......သားရယ် မားကဒီဘုရားကျောင်းမှာပဲ နေရတာအဆင်ပြေပါတယ်......."

Xiao - "ရီပေါ်........ဒါက ကော့မေမေလေ မှတ်မိလား....."

Mom - "အော်!!.....သား
ရီပေါ်ကို မားနဲ့ပြန်မိတ်ဆက်ပေးနေတယ်
မားတို့က မသိတာမှတ်လို့ ......အူကြောင်ကြောင်နဲ့..."

Wang - "မဟုတ်ပါဘူး....ဒေါ်ဒေါ်.....
ကျွန်တော် ကားမှောက်ပြီး အတိတ်မေ့သွားလို့
ကော ကပြန်မိတ်ဆက်ပေးတာပါ........."

Mom - "အော်......ကဲ့ပါ
သားတို့လည်း အခုပဲ ပြန်ရောက်ကြတာမလား.....
ကယ်......အဲ့တာဆိုလည်း ပြန်နားကျတော့ ......."

"ဟုတ်.......မား သားတို့ သွားပြီးနော်......"

ရီပေါ်နှင့်ရှောင်ကျန်း ဘုရားကျောင်းမှအိမ်သို့ ပြန်လာလေသည်။ခြံဝင်း ထဲသို့ ရောက်သော်......

ရီပေါ် အိမ်ဘေးတွင် ထောင်ထားသော စက်ဘီလေးတစ်စီးကို မြင်မြင်ချင်းမျက်စိကျနေ‌‌လေသည်။ထို့ကြောင့်
ရီပေါ် ပေကျင်မြို့ကို မပြန်ခင် ထိုစက်ဘီးကို စီးဖြစ်အောင် စီးမည်ဟု စဉ်းစားထားလေသည်။

အိမ်ပြန်ရောက်သော် ရီပေါ်နှင့်ရှောင်ကျန်းတို့  ခရီးပန်းလွန်းသောကြောင့် အိပ်ပျော်သွားရာ ညနေခင်းမှနိုးလေသည်။နိုးနိုးချင်း ရှောင်ကျန်းတစ်ယောက် ရေမြန်မြန်ချိုးပြီး.......
ရီပေါ်အား နိုးလေသည်။

"ရီပေါ်.......ထ....ထ မအိပ်နဲ့တော့ ......တော်ကြာဖျားမယ်........ထ ထ အပြင်မှာထမင်းသွားစားရအောင်........."

"အင်း......ထပြီး......"

ရီပေါ်လည်း ရေချိုးခန်းထဲဝင်‌နေတုန်း ရှောင်ကျန်းတစ်ယောက် ခြံထဲတွင် ရပ်ထားသော စက်ဘီးလေးအား သွားဆေးနေလေသည်။
ရီပေါ်ရေချိုးပြီးလို့  ရှောင်ကျန်းကို မတွေ့ဖြစ်သဖြင့်.........ခြံထဲဆင်းရှာကြည့်ရာ.......
ရီပေါ်မျက်စိကျနေသော စက်ဘီးလေးအား ရှောင်ကျန်း တစ်ယောက် ဆေးကြောနေသည်ကို တွေ့ လေသည်။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now