မပြုံးပြပါနဲ့ အဲ့ဒီမိန်းကလေးကို .....
မကြည့်လိုက်ပါနဲ့ အဲ့ဒီညို့အားပြင်းတဲ့မျက်လုံးတွေနဲ့ .....ထိုမိန်းကလေးကို ....
မပေးလိုက်ပါနဲ့....ကောရဲ့ အချစ်တွေကို....
အများကြီးမတောင်းဆိုပါဘူး...... ကျွန်တော့် ရင်ထဲမှာရှိတဲ့ ကျန့်ကော အတွက်အချစ်တွေကိုပဲ နည်းနည်းဖြစ်ဖြစ်မြင်အောင်ကြည့်ပေးပါလား........ရီပေါ်စိတ်ထဲ၌သာ ငိုကြွေး၍ပြောနေခြင်းဖြစ်သည်။
"ဟိတ်.....ဘာတွေတွေးနေတာလဲ ကောင်ကလေးရီပေါ်........"
"အာ့.....ကျန်ချန်းကောကလည်း......ဘာမှမတွေးပါဘူး ......."
"အာ့ဆိုလည်းထားပါ......လာ ရှောင်ကျန်းဆီသွားရအောင်......"
"ဟုတ်......ဒါနဲ့ကျန်ချန်းကောရေ.....ကျန့်ကောဘေးနားကမိန်းကလေးကဘယ်သူလဲ ဟင်......."
"အာ.....သူမနာမည်က လောလော့ လေ ....
နင့်ကျန့်ကော ကောင်မလေးလေ ....သူမကဒီနေ့ပဲ ....ငါတို့ကျောင်းကိုပြန်ပြောင်းလာတာ .....လွန်ခဲ့တဲ့နှစ် နှစ်ကစာတော်လို့ ပညာသင်ဆုနဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက်ရတယ်လေ........
အာ့ကြောင့်အခု နှစ်နှစ်ပြည့်လို့ ပြန်လာတာ....""သြော်......."
ကျန်ချန်းကောရဲ့စကားအဆုံးမှာ ရီပေါ် ဘာစကားမှ မပြောနိုင်တော့ပါ။အံ့ဩမှုပေါင်းများစွာဖြင့်သာရှောင်ကျန်း တို့ဆီသွားလေသည်။"ဟေ့..ရှောင်ကျန်း" ကျန်ချန်းမှ အော်ခေါ်လိုက်ခြင်းဖြစ်သည်။
"အင်း.....မင်းတို့လာပြီလား....."
"အေ.....မင်းကဘူးနေတာများလို့ ......ငါတို့ကိုတောင် အဖတ်မလုပ်တော့ပါလား......""မဟုတ်ပါဘူးဟ......ဒါနဲ့ယီဘင်ကော....."
"သူကျောင်းခန်းထဲဝင်သွားတယ်......
ငါသွားခေါ်လိုက်မယ် ....မင်းရီပေါ်ကို ခေါ်သွားပြီး ကန်တင်းမှစောင့်နေနော်.....ငါယီဘင်ကိုခေါ်ပြီးလာခဲ့မယ်......"
"အေ.....
ရီပေါ်....ငါတို့ဟိုဘက်မှာသွားထိုင်စောင့်ရအောင်...."
"ဟုတ် .....ကျန်ကော....."အား!
"ကော...."
"ဘာဖြစ်တာလဲ...ကလေး...."
"ကော...ကလေးခြေထောက်ခေါက်သွားပြီး......နာ လိုက်တာကောရယ်......"
YOU ARE READING
မြင်နိုင်မလား (Zg+Uni)
Hayran Kurguကျွန်တော့်ရင်ထဲကို ဘာလို့တစ်ခါလောက်တောင် မြင်အောင်မကြည့်တာလဲ ဟင် .... ကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်လျက် ကျန့်ကော ခင်ဗျားကို ချစ်မိခဲ့လို့ .... ကျွန်တော့ အခြေအနေက ကျန်ကော့ခင်ဗျားကို ချစ်တယ်လို့ ပြောဖို့ အခွင့်အရေး မပေးခဲ့လို့.... အဲ့ဒါကြောင့်...