ရီပေါ်အား ရှောင်ကျန်းတစ်ဖက်ထားလျက်နှင့်ပင်
ဒဏ်ရာရှိန်ကြောင့် မေ့သွားလေသည်။ရီပေါ်လည်း ရှောင်ကျန်း၏ ငြိမ်သက်သွားသော အမူအရာကြောင့် ရင်ခွင်ထဲမှနေ၍ မော့ကြည့်လိုက်ရာ ရှောင်ကျန်းမျက်လုံးများသည် မှိတ်လျက် ခန္ဓာကိုယ်ကလည်း ပျော့ခွေနေလေသည်။ထို့ကြောင့် ရီပေါ်လည်း စိုးရိမ်တကြီးနဲ့ ရှောင်ကျန်းအား ဆေးရုံသို့ပို့ရန်.....အိမ်မှ ပါး၏ ဒရိုက်ဘာအား ကားမောင်းပေးရန် အမိန့်ပေးလိုက်လေသည်။ရီပေါ်သည် ရှောင်ကျန်းကိုယ်လေးအား ရင်ခွင်ထဲထည့်၍
ကားနောက်ခန်းသို့ အလျင်အမြန်ဝင်ထိုင်လေသည်။
ဆေးရုံသို့သွားသော လမ်းတစ်လျှောက်လုံး ရှောင်ကျန်းကိုဖက်ထားသော လက်သည် တစ်စက်ကလေးမှပဲ မလွှတ်ခဲ့ချေ။ ဆေးရုံကိုရောက်သော်လည်း မေ့နေသော ရှောင်ကျန်းကိုယ်လေးအား ရီပေါ်ကိုယ်တိုင် ချီ၍
ဆေးရုံခန်းထဲသို့ဝင်လေသည်။"ဆရာ သူ့ရဲ့ ......ဒဏ်ရာတစ်ချက်ကြည့်ပေးပါဦး..."
"ဘာဖြစ်တာလဲ?......"
"သံချောင်းနဲ့ ခြစ်မိတာပါဆရာ......"
"အဲ့တာ ဖြစ်ဖြစ်ချင်းလာပြရင် အဲ့လောက်မဆိုးနိုင်ဘူး ....
အခုကျတော့ ......လာတာနည်းနည်းနောက်ကျတော့
လူနာက ပိုခံစားရမှာပေါ့....ကဲ့ပါ ....လူနာရှင် ဟိုနားမှာ သွားထိုင်ပေးပါ သူ့ဒဏ်က နည်းနည်းနက်တော့ ချုပ်မှရမယ် မဟုတ်ရင် ပိုးဝင်သွားမယ်....""ဟုတ် .....ဆရာ...."ဟု
ရီပေါ်ပြောပြီးပြီးချင်း အခန်းအဝနားက ထိုင်ခုံလေးမှာ သွားထိုင်နေလေသည်။ ခဏအကြာဆရာဝန်က သူနာပြုဆရာမလေးအား.....
Dt - "ဆရာမ......ကျွန်တော်တို့သူ့ဒဏ်ရာကို ချုပ်ရမှာဆိုတော့ လူနာ အကျီ ကို ချွတ်လိုက်ပါ......"
Nurse - "ဟုတ်ကဲ့ဆရာ........"
သူနာပြုမလေးလည်း ရှောင်ကျန်းဝတ်ထားသော အကျီကို ချွတ်ပြီးတဲ့နောက် .........
Dt - "ဆရာမ လူနာကို အရှေ့ကနေ ဖက်ထားသလိုမျိုး ထိန်းထားပေး.......အဲ့ဒါမှ ချုပ်ရတာအဆင်ပြေမှာ........."
Nurse - "ဟုတ်ကဲ့ဆရာ ......" ဟု ပြောပြီး သူနာပြုမလေးသည် ရှောင်ကျန်း ကိုယ်လေးအား
ထိမည်အလုပ်........
YOU ARE READING
မြင်နိုင်မလား (Zg+Uni)
Фанфикကျွန်တော့်ရင်ထဲကို ဘာလို့တစ်ခါလောက်တောင် မြင်အောင်မကြည့်တာလဲ ဟင် .... ကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်လျက် ကျန့်ကော ခင်ဗျားကို ချစ်မိခဲ့လို့ .... ကျွန်တော့ အခြေအနေက ကျန်ကော့ခင်ဗျားကို ချစ်တယ်လို့ ပြောဖို့ အခွင့်အရေး မပေးခဲ့လို့.... အဲ့ဒါကြောင့်...