[Zawgyi]
"အဲ့တာကြောင့် အခု သားလေးကို
ပြန်လာခေါ်တာပါ.........ကျွန်တော်နဲ့အတူ အိမ်ပြန်လိုက်နေဖို့ကို........""ဟင်အင်း......ကျွန်တော်မလိုက်နိုင်ဘူး......
ကျန့်ကောဘေးနားကနေ ဘယ်မှမသွားဘူး.......""သားရယ် ပြန်လိုက်ခဲ့ပါ.......ဟိုမှာပါးရဲ့ လုပ်ငန်းကိုလည်း သားပဲဦးစီးရမှာ.....သားမရှိလို့လဲ မဖြစ်ဘူး.......သား ပါးနဲ့ပြန်လိုက်ခဲ့ပါ ပါးလည်းအသက်ကြီးနေပြီး.....ဘာမှမလုပ်နိုင်တော့ဘူး....ကျန်တာသားကိုပဲအားကိုးရမှာ....."
"ဟင်အင်း......ဟင်အင်း....ဘယ်မှမသွားဘူး....
ကောနဲ့ပဲ တစ်သက်လုံးနေမှာ.......""ကဲ.....ဒါဆိုပြောမရတော့လည်း.......သားရဲ့
ကျန့်ကောနဲ့ မားကိုပါ .....တစ်ခါတည်းခေါ်ခဲ့လေ....."ဒီတစ်ခါတော့ ရီပေါ်မငြင်း.......ဟုတ်တယ်လေ.....ကောနဲ့လည်း
အတူတူနေရမယ်..........အခုမှပေါ်လာတဲ့ သူဋေးကြီးကလည်း.....သူ့ရဲ့ပါးဆိုတော့.....
ရီပေါ်အတွက် အခုချိန်က လိုတရ ဖြစ်နေပြီလေ.....ရီပေါ် နဲ့ ရှောင်ကျန်းတို့ သားအမိ ရီပေါ်ပါးတို့အိမ်ကို ပြောင်း၍ နေထိုင်ကြသည်။
ရီပေါ်အဖေမှာ ရီပေါ်အားပြန်တွေ့ရ၍ အလွန်ပျော်နေလေသည်။ ရှောင်ကျန်းတို့သားအမိကိုလည်း......လိုလေသေးမရှိ
ပြည့်ပြည့်စုံစုံ နဲ့ ထားပေးလေသည်။
ဒီလိုနှင့် ရီပေါ်တို့ ပါးအိမ်မှာနေလာကြတာ.......တစ်နှစ်ဟူသော အချိန်တောင် ကုန်ဆုံးခဲ့လေသည်။ အိမ်၏ ဧည့်ခန်းထဲတွင်လည်း....ရှောင်ကျန်းနှင့်ရီပေါ်တို့၏ ဘွဲ့ဓါတ်ပုံများလည်း ချိတ်ထားသေးသည်။တစ်နေ့...............
"ကော......ကျွန်တော့်ကိုလက်ထက်နိုင်မလားဟင်."
ပန်းခြံထဲတွင် ဒူးတစ်ဖက်ထောက်လျှက် မိမိအား လက်ထက်ခွင့် တောင်းနေသော ရီပေါ်ကြောင့် ရှောင်ကျန်း ရင်ခုန်မိပါသည်။ထိုစကားကို စိတ်ကူးအဖြစ်ကနေ လက်တွေ့အကောင်အထည်
ဖော်ပေးသော ဒီကောင်လေးကို ရှောင်ကျန်းမြတ်နိုးမိပါသည်။ထို့ကြောင့် ရီပေါ်၏တောင်းဆိုချက်ကို ရှောင်ကျန်းလက်ခံမိလေသည်။"အင်း...ရီပေါ် ကောလက်ခံပါတယ်......"
ရှောင်ကျန်းက ဝမ်းသာလုံးဆို့ကာ မျက်ရည်များနှင့်ပြောတော့ ရီပေါ်က ရှောင်ကျန်းအား လက်စွပ်ဝတ်ပေးလိုက်လေသည်။ရှောင်ကျန်း ကလည်း ရီပေါ်ကို မိမိနှင့်ဆင်တူသော လက်စွပ်တစ်ကွင်းကို ရီပေါ်လေးရဲ့ လက်တွင် စွပ်ပေးခဲ့လေသည်။
YOU ARE READING
မြင်နိုင်မလား (Zg+Uni)
Fanfictionကျွန်တော့်ရင်ထဲကို ဘာလို့တစ်ခါလောက်တောင် မြင်အောင်မကြည့်တာလဲ ဟင် .... ကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်လျက် ကျန့်ကော ခင်ဗျားကို ချစ်မိခဲ့လို့ .... ကျွန်တော့ အခြေအနေက ကျန်ကော့ခင်ဗျားကို ချစ်တယ်လို့ ပြောဖို့ အခွင့်အရေး မပေးခဲ့လို့.... အဲ့ဒါကြောင့်...