မနက်ခင်း နေရောင်ခြည်သည် ရီပေါ်မျက်နှာပေါ် တွင်
နေရာယူနေသောကြောင့် ရီပေါ် အိပ်ယာမှ နိုးလာသည်။ ထို့နောက် မနက်စာ စားရန် အောက်ထပ်သို့ဆင်းလာသောအခါ......."ကောနှင့် ရှောင်မား သည် ပါးအားနှုတ်ဆက်နေလေသည်။ ကောရဲ့လက်ထဲမှာလည်း....အထုပ်အပိုးတွေနဲ့ ....
ကောတို့ဘယ်သွားကြမို့လဲ?.....ဘာလို့ငါ့ကိုဘာလို့
ဘာမှ မပြောကြတာလဲ?....."ရီပေါ်ခဏတာ တွေဝေမိနေလေသည်။ ပြီးမှ......
"ကျန့်ကော!!......ဘယ်သွားကြမလို့လဲ?...."
"အင်း....ရီပေါ်.... ကော အိမ်ပြောင်းတော့မလို့......"
"ဟမ်!!.....ကော ဘယ်ကိုသွားကြမလို့လဲဗျာ..."
"ကောတို့ ....အရင်နေခဲ့တဲ့....အိမ်မှာ ပြန်နေမလို့လေ......."
"ကောကလည်း......ဘာလို့ပြန်မှာလည်း...
ဒီမှာနေတာ အဆင်မပြေလို့လားဟင်.......ဒါဆို ကောသွားရင် ....ကျွန်တော်လည်း လိုက်ခဲ့မှာနော်.....
ကျွန်တော် ကောမရှိတဲ့ နေရာမှာ တစ်စက်ကလေးမှ
မနေနိုင်ဘူးနော်...."ရီပေါ်ပါးစပ်ကလည်းပြောရင်း....ရှောင်ကျန်း၏ ခရီးသွား အိတ်ကိုင်ထားသော လက်လေးအား ဆွဲလျက်....
"ကော.....ဘယ်မှ မသွားပါနဲ့နော် ....ကောမရှိရင် ကျွန်တော်မနေနိုင်ဘူး.....ကျွန်တော် သေသွားလိမ့်မယ်...."ဟု ပြောလျက် မျက်ဝန်းထဲမှ
မျက်ရည်ဥတို့ ကျဆင်းလာသည်။ မျက်လုံးလေးများကလည်း
ရှောင်ကျန့်အား ထွက်မသွားရန်
အတင်းတောင်းဆိုနေလေသည်။"ရီပေါ်....မဆိုးနဲ့နော်.......ကော က အပြီးထွက်သွားတာလဲ မဟုတ်ဘူးလေ....ကော့ရဲ့မားက
အဲ့ဒီမြို့မှာ အခြေချချင်တယ်ဆိုလို့ ကောတို့သွားပြန်နေတာလေ.....ရီပေါ်...
မငိုနဲ့တော့လေ ကော့ကိုလွမ်းရင် အိမ်လာလည်ပေါ့.......ဟုတ်ပြီးလာ...."ရှောင်ကျန်း ရီပေါ်၏ ခေါင်းလေးအားဖွလျက် ရီပေါ်အား နှစ်သိမ့်ပေးနေလေသည်။ထို့နောက်......
"ကျန့်ကျန့်လေး.......သွားတော့မယ်လာ.....ကားချိန်နီးနေပြီးလေ.....တော်ကြာမားတို့ပြန်ဖို့ လက်မှတ်မရပဲ နေလိမ့်မယ်......."
"ဟုတ်......" ဟု ရှောင်ကျန်း.......ပြောပြီးချက်ချင်း အိတ်ဆွဲကာ အပြင်သို့ ပြေးထွက်လာခဲ့သည်။
YOU ARE READING
မြင်နိုင်မလား (Zg+Uni)
أدب الهواةကျွန်တော့်ရင်ထဲကို ဘာလို့တစ်ခါလောက်တောင် မြင်အောင်မကြည့်တာလဲ ဟင် .... ကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်လျက် ကျန့်ကော ခင်ဗျားကို ချစ်မိခဲ့လို့ .... ကျွန်တော့ အခြေအနေက ကျန်ကော့ခင်ဗျားကို ချစ်တယ်လို့ ပြောဖို့ အခွင့်အရေး မပေးခဲ့လို့.... အဲ့ဒါကြောင့်...