ဘာလိုလိုနဲ့ ရန်ပုံငွေစုဆောင်းပွဲနေ့ရောက်လာလေသည်။
အရှေ့မှကျောင်းသားများအသီးသီး သီဆိုရာမှ ရီပေါ် အလှည့် ရောက်လာလေသည်။ရီပေါ်သည် မိမိနှင့်အတူဆိုရန်....လူရှာသော်လည်းမရသဖြင့် ရီပေါ်တစ်ယောက်ထဲသာ ဂီတာတီးပြီး သီချင်းဆိုလေသည်။ ရီပေါ်သည် စင်ပေါ်တွင် ဂီတကိုကိုင်တာ မျက်ဝန်းများကလည်း ရှောင်ကျန်းကို ဦးတည်လျက်......
ခံစားချက်အပြည့်နဲ့ သီချင်းဆိုနေသောရီပေါ်ကြောင့်
ရှောင်ကျန်းပင် အနေခက်လာရသည်။စိတ်ထဲတွင် လည်း
ရီပေါ် သည် မိမိအပေါ် အတော်အလေးနက် ထားမှန်း ရှောင်ကျန်းသတိထားမိသွားသည်။................................
ရှောင်ကျန်းတို့သီချင်းဆိုရန် အလှည့် ရောက်ခါနီးအချိန်တွင် .......လောလော့ကို မတွေ့။
ဖုန်းဆက်လည်း မကိုင်သောကြောင့်......ရှောင်ကျန်း စိတ်တွေလည်း ပျက်မိသည်။ ယီဘင်တို့နှင့် အခြားသူငယ်ချင်းများကို အကူညီ တောင်းသော်လည်း......သီချင်းအား ဆိုရန် အဆင်မပြေ၍ မည်သူမှ ရှောင်ကျန်းကို မကူညီနိုင်ကြပေ။ရှောင်ကျန်း စိတ်ပျက်ပျက်နဲ့ သီချင်းစာရွက်အား လုံးချေပြီး ခေါင်းငိုက်စိုက်နေစဉ်............"ကော......ကျန့်ကော......ကျွန်တော် ကူညီလို့ ရမလား......."
ရီပေါ်အပြောကြောင့် .......ရှောင်ကျန်းရီပေါ်ကိုမော့ကြည့်မိလေသည်။ထို့နောက်အလျင်အမြန်ပဲ ရီပေါ်လက်ကိုဆွဲ၍ စင်ပေါ်သို့ ပြေးတက်သွားလေသည်။ရှောင်ကျန်းသည် ရီပေါ်နှင့် အနေနီးလာသောကြောင့် ရီပေါ်၏ အကျင့်သည် သူထင်သလောက် မယုတ်မာဘူးဆိုတာ ရှောင်ကျန်းသိလာသည်။ထို့ကြောင့် ရီပေါ်နှင့် လောလော့ကိစ္စကို ဘယ်သူကအမှား ဘယ်သူကအမှန် သူမစဉ်းစားတော့ပဲ ရီပေါ်ကို အရင်တိုင်းပဲဆက်ဆံမည်ဟု သူတွေးလေသည်။
YOU ARE READING
မြင်နိုင်မလား (Zg+Uni)
Fanficကျွန်တော့်ရင်ထဲကို ဘာလို့တစ်ခါလောက်တောင် မြင်အောင်မကြည့်တာလဲ ဟင် .... ကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်လျက် ကျန့်ကော ခင်ဗျားကို ချစ်မိခဲ့လို့ .... ကျွန်တော့ အခြေအနေက ကျန်ကော့ခင်ဗျားကို ချစ်တယ်လို့ ပြောဖို့ အခွင့်အရေး မပေးခဲ့လို့.... အဲ့ဒါကြောင့်...