ရှောင်ကျန်းတစ်ယောက် ရီပေါ်အား မနက်စာပြင်ပေး၍ သူပါဝင်စားလေသည်။ရီပေါ်၏ ပါးကတော့ အလုပ်ကိစ္စနှင့်ခရီးသွား၍ နှစ်ပတ်လောက်နေမှသာ ပြန်လာမည် ဖြစ်သည်။
ထို့နောက် ........ရှောင်ကျန်းက .........."ရီပေါ်.......အလုပ်သွားရင် ကော့ကိုစောင့်နော်.......ကောပါ လိုက်ခဲ့မယ်....."
"ခင်ဗျားက ဘာလိုက်လုပ်မှာလဲ?.......
ရုံးမှာ ခင်ဗျားအလုပ် ဘာရှိလို့လဲ?.....""အယ်....ရီပေါ် ......ကလေးကတိ ကလေးတည်နော်........ကော့ကို "ကော"လို့ခေါ်ရမယ်လေ.....မေ့နေတာလား?......"
"ဟုတ်ပါပြီး.....ကော ရာ.....ကောက ကျွန်တော်ရုံးကို ဘာလိုက်လုပ်မှာလဲ?......ဘာတွေ လိုက်ရှုပ်ဦးမို့လဲ?....."ဟု
ရီပေါ်သည် ရှောင်ကျန်းအား စိတ်ပြတ်သော အသံဖြင့်ပြောလိုက်လေသည်။ထို့နောက် ရှောင်ကျန်းက ရီပေါ်အား....မျက်နှာငယ်လေးဖြင့် ကြည့်ကာ............
"ရီပေါ်ကလည်း......ကော ဘာမှမရှုပ်ပါဘူး......ကော
ရီပေါ်ဘေးမှာပဲ တိတ်တိတ်လေး နေမယ်လေ.....နော်....နော်လို့...."ဟု
ရှောင်ကျန်းက အတင်းတောင်းဆိုသောကြောင့်
ရီပေါ်က ရှောင်းကျန်း ရုံးကို လိုက်မည့်အစီအစဉ်ကို
လက်ခံလိုက်ရလေသည်။.......................................................
ရုံးရောက်သော်...........
"ကိုကို "ဟု ခေါ်၍ ရီပေါ်အား ပြေးဖက်လာသော ရှောင်မိန်..........
တအောက်လောက် ကြာသည်အထိ
ရီပေါ်အားဖက်ထားသော လက်များအား မဖယ်ဘဲ
ရီပေါ်၏ ပုခုံးထက်တွင် ချိတ်လျက်........
တစ်ဖန် ရီပေါ်ကလည်း.......ရှောင်မိန်၏ ခါးသွယ်သွယ်လေးအား တင်းကြပ်စွာဖြင့် ပြန်၍ဖက်ထားလေသည်။ တစ်ယောက်မျက်ဝန်းကို တစ်ယောက်သေချာကြည့်၍ .......
အကြည်စိုက်နေကြလေသည်။ ဘေးနားတွင်လည်း ဖြတ်သွားဖြတ်လား........ဝန်းထမ်းအချို့၏ တိုးတိတ်အားကျမှု စကားသံများကိုလည်း
ကြားရသေးသည်။သို့သော် ထိုလူသား နှစ်ဦးတို့သည်ဘေးနားမှာ လူရှိမှန်းတောင် သတိမထားမိကြပေ။
ထို့နောက် ရှောင်ကျန်းကပဲ ချောင်းဟမ့်၍ ............"ရီပေါ်..........ကလေး....." ဟု ခေါ်လိုက်သောကြောင့် ရှောင်မိန်တစ်ယောက်
မျက်နှာပျက်သွား၍ ရီပေါ်အား မလွှတ်ချင် လွှတ်ချင်နှင့် လွှတ်လိုက်ရသည်။
YOU ARE READING
မြင်နိုင်မလား (Zg+Uni)
Fanficကျွန်တော့်ရင်ထဲကို ဘာလို့တစ်ခါလောက်တောင် မြင်အောင်မကြည့်တာလဲ ဟင် .... ကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်လျက် ကျန့်ကော ခင်ဗျားကို ချစ်မိခဲ့လို့ .... ကျွန်တော့ အခြေအနေက ကျန်ကော့ခင်ဗျားကို ချစ်တယ်လို့ ပြောဖို့ အခွင့်အရေး မပေးခဲ့လို့.... အဲ့ဒါကြောင့်...