မြင်နိုင်မလား -39

1.8K 91 42
                                    

ရှောင်ကျန်းကားပေါ်မှ ဆင်းပြီး အိမ်ထဲသို့ ဖြည်းဖြည်းချင်းဝင်နေရလေသည်။ အိမ်ပေါ်သို့ တက်ပြီး အခန်းဝအရောက်တွင်...........

"အင်း.....ရေချိုးပြီးတာနဲ့....လာခဲ့မယ်လေ
ဟုတ်ပါပြီး.....ကို လည်း ရှောင်မိန်ကို ချစ်ပါတယ်...
မွ ပါနော်.........."

ရီပေါ်၏ စကားအဆုံးမှာ ရှောင်ကျန်း၏ နှလုံးသား တစ်ခုလုံး ပြိုလဲသွားမတက် ဖြစ်ခဲ့ရလေသည်။

သို့သော်လည်း အခန်းထဲကို အရဲစွန့်ပြီး ဝင်လိုက်တော့.......ရီပေါ်က ရေချိုးရန် အင်္ကျီ တောင် ချွတ်ပြီးနေ၍ ရေချိုးခန်းထဲသို့ ကမန်းကတန်း ဝင်သွားလေသည်။ထို့နောက် 5 မိနစ်လောက်သာ ကြာသေးသည်။ရီပေါ်ရေချိုးခန်းထဲမှ တစ်ပတ်လေးပတ်ပြီး.....ခပ်မြန်မြန် ပြန်ထွက်လာလေသည်။
ထို့နောက် ဗီရိုထဲမှ အဝတ်အစားများကို တစ်ထည့်ပြီးတစ်ထည် ထုတ်၍  ရွေးနေလေသည်။

ထို့နောက်ရှောင်ကျန်းလည်း ရေချိုးခန်းသို့ အမြန်ဝင်၍ ကျောပြင်၌နာကျင်နေသော ဒဏ်ရာကို ကြည့်ရန် အကျီကြယ်သီးများအား ဖြုတ်နေလေသည်။ နှုတ်ခမ်းတစ်ခုလုံး ပြာနှံ့ ၍ မျက်နှာတစ်လုံးလည်း ဖြူဖပ်နေလေသည်။ ရှောင်ကျန်း အကျီချွတ်၍ ဒဏ်ရာများအား အရှေ့မှာရှိသော  မှန်ဖြင့် ကြည့်နေလေသည်။

"ကျွတ်...ကျွတ်.....ဟား.....အ....အား....."
ရှောင်ကျန်းဒဏ်ရာသည် သွေးပူတုန်းက သိပ်မနာပေမဲ့ သွေးအေးသွားတော့ တစ်ဆစ်ဆစ်နဲ့ ကိုက်ခဲနေလေသည်။

"နာလိုက်တာကွာ.......နည်းနည်းတောင် လှုပ်လို့မရဘူး.........ဆေးခန်းသွားပြဖို့ ဆိုရင် ရီပေါ်အကူညီလိုမယ် အခု သူ မအားတော့ ငါ့ကို လိုက်ပို့နိုင်မှာလည်း မဟုတ်ဘူး....ဒါပေမဲ့ သူညကျရင် စောစော ပြန်လာ‌လောက် မှာပါ........သူလာမှ  ဆေးခန်းသွားပြလိုက်မယ်......"

ရှောင်ကျန်းတစ်ယောက်ထဲ တီးတိုးပြောနေရာမှ.....

"ကော.....ရှောင်ကျန်းကော......မြန်မြန်လာပါဦး အရေးကြီးတယ်......."

ရီပေါ်၏ ရေချိုးခန်းအပြင်မှ ခေါ်လိုက်သော အသံကြောင့် ..........

ရှောင်ကျန်း ချွတ်ထားသော အကျီလေးအား ပြန်ဝတ်၍  ရေချိုးခန်းအပြင်သို့ သွက်သွက်လေးထွက်လာလေသည်။ အမြန်နှုန်းနှင့်ထွက်လာ‌သောကြောင့် ရှောင်ကျန်းတစ်ယောက် အကျီကြယ်သီးတောင် မတက်မိလိုက်ချေ။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now