Chapter-1

62.9K 2.3K 16
                                    

11:11 pm " ph screenပေါ်ကို ကြည့်ရင်း အပြင်ကို​​ငေးရင်ဒန်း​ပေါ်မှာကောင်​လေးတစ်​ယောက် အလုပ်ရှုပ်​​နေတယ်။Earphoneက​နေတိုက်ရိုက်လာ​နေတဲ့သီချင်း​တွေလဲ စိတ်မဝင်စား​တော့ဘူး။ hoodieအနက်​ဝတ်ထားတဲ့ကောင်လေးနဲ့
အ​မှောင်ထုကထပ်တူကျ​နေတယ်။လေတိုက်တိုင်း လွင့်လာတဲ့သင်းပျံ့ပျံ့ည​​မွှေးပန်းထက်ကို ချိုအီတဲ့ရနံ​လေးကိုရမှတင်း​နေတဲ့စိတ်​တွေ​လျော့သွားတယ်။

ဒီ​​ခြေသံ၊ဒီလမ်း​လျှောက်တဲ့ပုံစံ၊ဒီဆိတ်ငြိမ်ရပ်ကွက်​လေးမှာဒီလိုနောက်ကျတတ်တာ"သူ"တစ်​ယောက်ပဲရှိတယ်။ခြေသံကအနားကပ်လာ​လေ သူအ​နောက်လှည့်ချင်​လေပဲ။သူ့နာမည်ကိုအ​နောက်ကလူ
မြန်မြန်ခေါ်​စေချင်ပြီ။

"မင်းသန့်"အသံခပ်အုပ်အုပ်စိတ်ဆိုးတဲ့အသံထက် စိတ်ပူတဲ့အသံဘက်ကိုခပ်​ရေး​ရေး​လေး​​ရောက်​နေတဲ့ အသံ​လေးကိုခြံဝန်းအပြင်က​နေကြားလိုက်ရတယ်။
သူလိုချင်တာဒါပဲ။လန့်သွားသည့် သ​ဘောကို​ဆောင်ကာ မင်းသန့်တစ်​ယောက်"ဗျာ" လို့ 
အလန့်တကြားထူးလိုက်​တယ်။ 

"မင်းဘာလုပ်​နေတာလဲ"တဖက်ကအ​လောတကြီး​မေး​လေတယ်။"ဦးထွဋ်" လားဟင်  !!
မင်းသန့်သိတာ​ပေါ့ဒီအသံပိုင်ရှင်ကို တမင်ကို
မသိချင်​ယောင်​ဆောင်ထားတာဖြစ်သည် ။

အဲ့နောက်ခြံတံခါးနားသို့ပြေးသွားပြီးတံခါးဖွင့်​ပေး​လိုက်တယ်။လ​ရောင်​အောက်မှာ စူးရှရှအကြည့်တို့ကိုသူ​သေချာမြင်လိုက်ရတယ်။ဒီအကြည့်​တွေကို
အရင်ကခဏခဏမြင်ဖူး​​ပေမယ့် ညရဲ့လ​ရောင်​အောက်မှာမို့ပိုထူးခြားသလိုပင်။လက်ကိုင်အိတ်​​​​လေးကိုကူဆွဲ​ပေးဖို့သူ့ရဲ့ကိုယ်ကိုကိုင်း​တော့
အ​ရှေ့ကလူထံမှ Alcoholနံ့လေးကိုရှူရှိုက်မိတယ်။မင်းသန့်သတိထားမိတာကို
ဦးထွဋ်ကအပြုံး​​လေးနဲ့ ပြန်​ပြောတယ်။
" နည်းနည်းပါ " တဲ့ Alcohol အရှိန်​ကြောင့် ခပ်နုနုမျက်နှာ​လေးကခပ်နီနီ​ဘက်သို့အ​ရောင်ပြောင်း​​​​နေတယ်။အကြည့်​တွေကတော့ခပ်စူးစူးနဲ့ အခု​နေများမင်းသန့်ရဲ့ ​စိတ်အလိုဆန္ဒအရ
ဆွဲနမ်းလိုက်ရရင်ဖြင့်ဦးထွဋ်တော့....

စိတ်ရိုင်း​တွေကိုမသိတဲ့ဦးထွဋ်ကဒန်း​ပေါ်မှာ
ဟန်ပါပါထိုင်ကာညနက်ထဲမှာအပြင်ထွက်ထိုင်​နေရတဲ့သူ့ရဲ့​​ဖြေရှင်းချက်ကိုစောင့်​​နေတယ်။ဒါမျိုးဆို သိပ်ထက်တဲ့ဦး​နှောက်ကဦးထွဋ်သူ့ကိုစိတ်ပူလာ​အောင်လို့ " အိပ်မ​ပျော်ဘူး ဦးထွဋ်ရယ်" လို့ ခပ်မှိုင်းမှိုင်းပြောလိုက်တယ်။
တကယ်လဲသူအိပ်မ​ပျော်တာပါ​နော် ။

My Crush thinks I'm in love with his niece (Completed) U+ZWhere stories live. Discover now