Chapter-12

11.9K 1.3K 22
                                    

နေ​ရောင်ခြည်တစ်စိုးတစ်စကမှန်​ရှေ့မှာ မတ်တပ်ရပ်​နေတဲ့ လူ​ပေါ်ကို ထိုးကျ​နေတယ် ။ အင်္ကျီဖြူဖြူထက်မှာ နီ​ညိုရောင်နက်ခ်တိုင်​​လေးက လိုက်ဖက်ညီစွာနေရာချထားတယ် ။ခေါင်းက​နေ ​ခြေအဆုံး ဘာမှပြောစရာ မရှိ​လောက်​အောင်ပြီးပြည့်စုံ​နေလွန်းတယ် 

သန်မာတဲ့ လက်တစ်စုံက ခါး​နောက်က​နေသိမ်းဖက်လိုက်တာကို သူ ခံစားမိလိုက်တယ် ။

သူ့ရဲ့ ကျောပြင် တစ်​လျှောက်ကို နမ်းရှိုက်​နေပြီး တစ်ဖြည်းဖြည်းနဲ့ အထက်သို့ ​ရောက်လာပြီး
သူ့ လည်တိုင်​လေး နား​ရောက်​တော့ ရပ်လိုက်တယ်

မှန်ထဲက​နေ သူ့ ​အ​နောက်က လူကို မသိမသာခိုးကြည့်​ရင်းမျက်နှာကိုဘယ်နားထားရမှန်း မသိ​လောက်​​အောင် ဖြစ်​နေပြီ ။

" ကျွန်​တော်သာ vampire တစ်​ကောင်ဆိုရင်
ဦးထွဋ်ကခုချိန်ကျွန်​တော်ရဲ့သား​ကောင်ပဲ သိလား "

လစ်လပ်နေ​သောလည်ပင်းသားနေရာ​လေးကို အမှတ်အသား​လေး လုပ်​​ပေးလိုက်တယ် ။

" အာ မင်းသန့် ကိုယ် ​ကျောင်းတက်ရဦးမယ်​လေ အဲ့လိုလုပ်လို့ မရဘူးးး " ဦးထွဋ်က အတင်းရုန်းပြီး သူ့ကို တွန်းလွှတ်တယ်  ။

မှန်​ရှေ့ကိုအ​​​ပြေးအလွှားသွားပြီး သူ့ လည်တိုင်​လေးကို စမ်းကြည့်​နေတယ် ။

အနီရင့်​ရောင် အမှတ်တစ်ချို့က ဖြူ​ဖွေးတဲ့ လည်တိုင်​လေးမှာ ဘယ်သူ့ အပိုင်ဆိုပြီး တံဆိပ်ခတ်ထား​လေရဲ့....

        *********

မနက်စာ စားဖို့ သူတို့​ရောက်လာ​တော့ ​မေမီထွဋ်ရယ်
သူ့ မာမီရယ် ဦးထွဋ်ရယ်သူရယ်ပဲ ကျန်​တော့တယ် ။

" ကျန်တဲ့ သူ​တွေ​ရော " ဦးထွဋ်က ဟိုကြည့် ဒီကြည့် လုပ်ရင်း ​မေးတယ် ။

" သွားကြပြီ ဦးထွဋ်တို့ အခန်းထဲက ဘာလုပ်​နေမှန်း မသိ ကြာ​နေကြတာကို "

​မေမီထွဋ်ရဲ့ စကား အသွားအလာကို ​မေမီထွဋ် မာမီကလွဲပြီး သူတို့ အချင်းချင်းနားလည်​တော့ အသံမထွက်နိုင်ဘဲ ငြိမ်ငြိမ်ထိုင်လိုက်ကြတယ် ။

My Crush thinks I'm in love with his niece (Completed) U+ZWhere stories live. Discover now