Chapter-6

12.9K 1.3K 53
                                    

ဒီ​နေ့က မင်းသန့် ဗျာများရတယ့်​နေ့ ....
ဦးထွဋ်ရဲ့ကျောင်းမှာ party ရှိတယ်တဲ့ သူရဲ့​ကျောင်းက ​ကျောင်းကိစ္စအပြင် တခြားကိစ္စ​တွေနဲ့လည်းသိပ်ရှုပ်တာ

ဥပမာ ​ကျောင်းသားတစ်​ယောက်ရဲ့ ​မွေး​နေ့များရှိရင် ​နေရာထိုင်ခင်းပွဲပြီးသည်အထိ သူက စလယ်ဆုံး
တာဝန်ယူလုပ်​ပေးတာမျိုး ။

အပြုံးချိုချိုနဲ့ ​တော်ရုံမငြင်းတက်တဲ့ သူ့ ဦးထွဋ်က ​ကျောင်းသား​​တွေအပြင် ဆရာ​တွေ ကြားထဲမှာလဲ မျက်နှာပွင့်တယ် အဓိက အားဖြင့် ဆရာမ​လေး​တွေကြားမှာလည်း ​ရေပန်းစားတယ် ။

"ဦးထွဋ် ည​နေ ​နောက်ကျမှာမလား "

"ဟုတ်တယ် လာမကြိုဖြစ်ဘူး taxi ငှားပြန်​နော်"

မီးနီပြထား​တော့ ကားကို ခဏ ရပ်ပြီး ဦးထွဋ် message ​တွေကို စစ်​နေတယ် ။
ပွဲကို မပျက်မကွက်လာဖို့ပို့ထားတဲ့စာတွေဆိုတာ
သူ​ချောင်းကြည့်စရာမလို​​အောင် သိပါတယ်

အမှန်​တော့ဒါ​တွေကအပို​တွေပါ ​ကျောင်း​ရောက်ရင်
လည်း ​တွေ့ ပြီး​​ပြောလို့ရတာကို ။

ပို့ထားတဲ့ message ​တွေကို ဖြည်းဖြည်းချင်း delete ​နေတာကို ​တွေ့ရတယ်။ ဟုတ်​တာ​ပေါ့ 
ဦးထွဋ်က ​တော်ရုံ reply ပြန်​လေ့မရှိဘူး
အင်း....တစ်​ယောက်က လွဲလို့​ပေါ့​နော် ။

"MT ဆိုတဲ့ ​နေရာ မ​ရောက်ခင် selected တစ်ခုမှာရပ်ပြီး delete ကို နှိပ်ချလိုက်တယ် ။ "

အမှန်ပါပဲ ....ဦးထွဋ်က ကျွန်​တော်က လွဲပြီး ​တခြားသူကို တော်ရုံ စာပို့ခဲပါတယ် ။

​သြော် stop အရမ်းကြီး မ​တွေးကြပါနဲ့​နော် ကျွန်​တော်ကလွဲလို့ တော်ရုံ message မပို့ဘူးဆိုတာကို..

ကျွန်​တော့်ကို ဦးထွဋ် အမြဲ message ပို့ပါတယ်
ပို့တိုင်းလဲ အမြဲ တစ်ခွန်းပါပဲ

"လာကြိုပြီ " တဲ့ ဒါပါပဲ

Mon to Fri မှာ သူ​နေ့တိုင်း ပို့တဲ့စာက ဒါ​​လေးပါပဲ

ကျွန်​တော်လဲ ဘာများပြန်ပို့လဲ မ​​မေးပါနဲ့

"Okay" ပါ ပဲ အ​​​ဖြေက

My Crush thinks I'm in love with his niece (Completed) U+ZWhere stories live. Discover now