Chapter-24 (End)

19.2K 1.2K 49
                                    

"ဆရာ​လေး ဧည့်သည် လာတယ် ..."
လက်ထဲမှာကိုင်ထားတဲ့ စစ်လက်စ စာအုပ်​လေးကို
​ခေါက်လိုက်ရင်း အပြင်ကို ကြည့်မိလိုက်တယ်

" ဆရာ​လေး ဧည့်သည်က ဝေး​ဝေးမှာ ရပ်​ပြီး ကြည့်​နေတာ အထဲခေါ်တာမရလို့ ဆရာ​လေးကိုပဲ အ​ကြောင်း လာကြားတာ ...."

မုန်တိုင်းစဲပြီးသွားတဲ့အခါ ​နေအလင်း​ရောင် ဖြိုးဖြိုး
​ဖျောက်​ဖျောက်က သူ့ကိုနောက်​ကျော​ပေးထားတဲ့
အမြင့်မြင့်နဲ့ ​ယောကျ်ားဆီကို တိုက်ရိုက်ကျနေတယ်

အဲ့လူနဲ့ တဖြည်းဖြည်း နီးသွား​လေ​လေ သူ့ ရင်ခုန်သံ​တွေ က တဖြည်းဖြည်း​ကျယ်လာ​လေ​လေ

ထိ​တွေ့ဖို့ ကြိုးစားပြီးမှ ​နောက်ကို ​ခြေလှမ်း ၂ လှမ်း​လောက်ကို ဆုတ်မိလိုက်တယ်

" တဆိတ်​လောက်...."

အဲ့​ယောကျ်ားက သူ့ကို လှည့်ကြည့်ပြီး ပြုံးပြတယ်

သူတို့ ပထမဆုံး ​တွေ့ခဲ့တုန်းက သူနဲ့ တူတူ အ​ဖော်ပြု​ပေးမယ်လို့ ကတိစကား​တွေ ​ပေးခဲ့တုန်းက အတိုင်း သူက အ​တောက်ပဆုံး ပြုံးထားတယ်

" အရပ်​တွေ ရှည်လာတာပဲ "
ဘယ်လိုမျိုး စပြီး သူ နှုတ်ဆက်ရမလဲ မသိဘူး

မျက်နှာက အရင်လို ဂျစ်ကန်ကန်က​​လေးပုံစံ​လေးထက် တည်ငြိမ်တဲ့ဘက်ကို ​ပြောင်းသွားတယ်

နှုတ်ခမ်း​မွေး​ရေး​ရေး​လေးနဲ့ အရင်လို တဇွတ်ထိုးလုပ်မယ်ဆိုတဲ့ အရိပ်အ​ယောင်​တွေ ​ပျောက်သွားပြီ

" ကြည့်လို့ ၀ပြီလား ခင်ဗျ ..."

အင်း... အသံကလည်း နည်းနည်း သြပြီး ပြတ်သားလာတယ်။

​ဘေးနားက ဖြစ်တည်မှု​တွေကို ​မေ့​လျော့ပြီး အရင်နဲ့
မတူတဲ့ အချက်​တွေကို သူ တစ်ခုချင်းလိုက်စစ်​ဆေးနေမိတယ် ။

သူ့စိတ်ထဲမှာအမြဲရှိ​နေခဲ့တဲ့ တစ်​ယောက်နဲ့ အများကြီး ​ကွဲပြားသွားတာပဲ....

" ဘယ်လိုလုပ်​ရောက်လာတာလဲ...."

" ကျွန်​တော် ပြန်လာမှာ မသိဘူးလား "

ငါ့ မေးခွန်းကို ​ရှောင်ပြီး ငါ့ကို ပြန်မေးတယ်

" ငါ ​သေချာ မသိလို့....."

My Crush thinks I'm in love with his niece (Completed) U+ZWhere stories live. Discover now