Chapter-17

9.2K 1K 21
                                    

ကျောင်းကပြန်လာပြီးတဲ့ ​နောက်မှာ သူအခန်းထဲကို ​ပြေး၀င်ပြီး အိပ်ရင်အိပ်​နေလိုက်တယ် ။

ဒါမှမဟုတ်ရင် သူ စာ​လေ့လာချင်​လေ့လာလိုက်တယ်

အရင်လိုသီချင်း​တွေ နားမ​ထောင်​တော့ဘူး
​အော်မညည်းချင်​တော့ဘူး

သူ့ကိုပြန်​ပြောပြဖို့ဆိုပြီး သူမဖတ်ရ​​သေးဘူးဆိုတဲ့
စာအုပ်ကို လှည့်မကြည့်ဖြစ်​တော့ဘူး

" သား​လေး ရှင်းစရာ ရှိလား "
အိမ်ထိန်းအန်တီကြီး လာ​မေး​တော့ သူ့အခန်းကို
လှည့်ကြည့်မိလိုက်တယ် ။

ညဘက်​တွေ မအိပ်​တော့တဲ့အခါ အရင်လိုလုံး​ထွေးထားတဲ့ ​စောင်​တွေ လဲ မရှိ​တော့ဘူး

​မနက်​တိုင်း ဦးထွဋ်စောင့်​နေရမှာစိုးလို့ ရှုပ်ပွထားခဲ့တဲ့ အင်္ကျီပုံ​တွေ မရှိ​တော့ဘူး  ။

" အင်း..မရှိ​တော့ဘူးဆို​ပေမယ့် ...."
သူ့ အခန်း​ထောင့်မှာ ပစ်ချထားတဲ့ ဓါတ်ပုံ​လေး​album ​လေးတစ်ခု ။

" အဲ့မှိုက်တွေ​ကို ဒါနဲ့ တစ်ခါတည်း
ယူသွားလိုက်​တော့ အန်တီ "
သူ့ အိပ်ယာ​ဘေးက စင်​ပေါ်က ခရမ်း​ရောင် album ​လေးကိုပဲတစ်ခါတည်း ​ပေးလိုက်တယ်

ကြားနေကျကားစက်သံ​လေးကိုကြား​တော့
သူ ​ပြေးကြည့်မိတယ် ။

အနီ​ရောင်ရှပ်အင်္ကျီကို ဂျင်းနဲ့ လိုက်ဖက်စွာ ၀တ်ထားပြီး ပြန်လာတဲ့သူက အရင်လိုပဲ ဘာမှ ထူးခြားသွားတာမျိုးမရှိ....

သူ ဖုန်းကို ဖွင့်ပြီး အထပ်ထပ်ခါခါ ​ခေါ်ထားတဲ့ နံပါတ်ကိုနှိပ်လိုက်တယ်

ဒီတစ်ခါ​တော့ သူ့ဘက်က ထူးလာခဲ့ပြီ

" ဟဲလို ....."

​သူ့ရဲ့တင်းခံထားတဲ့မာန​တွေ အားလုံးကိုလျော့ချရင်း
ထပ်​မေးလိုက်တယ်

" ဒီတစ်ခါ ​နောက်ဆုံး တကယ်​မေးမယ် "
အခုမ​တွေ့ရတဲ့ ရက်​တွေမှာ ခင်ဗျားလဲ လွမ်း​နေတယ်မလား ကျွန်​တော့်ကို "

" အင်း လွမ်းတယ် ....ဒါ​ပေမယ့် "

" ဒါ​ပေမယ့် ..ဘာလဲ "

" ဒီအတိုင်း​လေးက ပိုအဆင်​ပြေတယ် မင်းသန့် "

အထပ်ထပ်ခြားထားတဲ့ နံရံ​တွေကို ​ကျော်ဖြတ်ပြီး
အဲ့ယောကျ်ားကို သူ့​ရှေ့မှာမျက်နှာချင်းဆိုင်ပြီး
ဒီစကားကို ပြောခိုင်းချင်တယ် ။

My Crush thinks I'm in love with his niece (Completed) U+ZWhere stories live. Discover now