နောက်ကျတယ် ဒီနေ့......"
လွန်းက တံခါးဖွင့်ဖွင့်ချင်း သူ့ကိုတွေ့တော့
ပြေးဖက်တယ် ။ပွေ့ဖက်ခြင်းဆိုတာ တစ်ဖက်သားပေါ် ကိုယ့်ရဲ့ ချစ်ခြင်းကို ပြသတဲ့ အရိုးရှင်းဆုံး နည်းလမ်းတဲ့ ။
သူ့လက်ထဲ ကိုင်ထား စာအုပ်ကို လွန်းက ငုံ့ကြည့်ရင်း " Great exceptation တဲ့ "
သူက လွန်းရဲ့ ဆံပင်လေးကို ဖြည်းဖြည်းချင်း
တိုးဖွရင်း ငုံ့နမ်းလိုက်တယ် ။လွန်းရဲ့ခါးကိုဖက်ရင်း သူတို့ အထဲ၀င်သွားတော့
မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့ အန်တီ ဒေစီကို
တွေ့လိုက်ရတယ် ။အဲ့နောက်မှာ သူ့ ခြေထောက် နှစ်ဖက်ကို ဟိုဖက် ဒီဖက် လာပြီး ခိုတွဲနေတဲ့ အမြွှာကလေး နှစ်ယောက်
သူတို့နဲ့ တူတူ ထိုင်ချလိုက်ရင်း သူ့တို့ကို ပွေ့ဖက်ချီလိုက်ကာ ဧည့်ခန်းထဲကို သွားလိုက်တယ်
" ဟာ ရုပ်ရှင်ဖွင့်လက်စကြီးပဲ ....."
ကလေး နှစ်ယောက်က သူ့ပေါင်ပေါ်ကို တစ်ဖက်စီ
ခေါင်းအုံးကာ သူနဲ့ တူတူ TV ကြည့်နေတယ်သူကတော့ နည်းနည်း ပင်ပန်းနေတာမို့ ခန္ဒာကိုယ်ကို ဖြည်းဖြည်းချင်း လျော့ချပြီး နောက်ကို မှီထားတယ်
ဘယ်ချိန်ထဲက ရောက်နေမှန်း မသိတဲ့ လွန်းက
သူ့ နားထင် နှစ်ဖက်ကို ဖိနှိပ်ပေးရင်း" ထမင်းစားရအောင်ရှင့်ကလေးတွေကိုပါခေါ်ခဲ့တဲ့ "
ဆိုပြီး ကလေး တစ်ယောက်ကို ချီသွားတယ်အန်တီဒေစီက ငပိရည်ကို ငရုတ်သီးတွေ သိပ်မထည့်နဲ့နော် ဟိုတစ်ယောက်က အစပ်မစားနိုင်ဘူးဆိုပြီး
သတိပေးကာ လွန်းက ပန်ကန်တွေကို
နေရာချပေးနေလေရဲ့ ။ ရှားရှားပါးပါး ငါးပိပါတဲ့ဟင်း၀ိုင်းလေးမှာ အစပ်ရရှောင်နေရတယ် မင်းသန့်ရယ်တဲ့ ။
" အန်တီ ဦးရော ပြန်မလာသေးဘူးလား....."အန်တီဒေစီက မပြောချင်ဘူးဆိုတဲ့ ပုံနဲ့
" နောက်ကျမှာ စောင့်မနေနဲ့ " တဲ့
YOU ARE READING
My Crush thinks I'm in love with his niece (Completed) U+Z