ကြိမ်းစပ်နေတဲ့မျက်လုံးနှစ်လုံးကိုအတင်းထပ်ပိတ်ပြီးအိပ်ဖို့သူကြိုးစားပြန်တယ်။အပြင်မှာမိုးရွာနေလား နေပူနေလားသူမသိဘူး။ဗိုက်ထဲမှာလည်းဘာအစာမှမရှိဘူး ။သူသိသလောက်တော့ သူ အိပ်နေခဲ့တာ အကြာကြီး... ဘာမှမတွေးနိုင်လောက်တဲ့အထိအိပ်နေခဲ့တာ။
ဘေးကိုစမ်းမိတော့အေးစက်နေတဲ့ screen တစ်ခု
အသိစိတ်ကဖုန်းကိုလှမ်းမကိုင်ဖို့ သတိပေးပေမယ့် လက်ထဲမှာတော့ဖုန်းက ရောက်နှင့်နေပြီ ။သူ မျှော်လင့်နေတဲ့ name က ဖုန်းထဲမှာ မရှိပေမယ့်
မေမီထွဋ်ရဲ့miss call ကတော့ သူ့ဆီရောက်နေတယ်အမှောင်ထဲမှာဖုန်းကိုအတင်းကြည့်မိလို့လား ဒါမှမဟုတ်စိတ်မကောင်းဖြစ်နေတာလားမသေချာပေမယ့် မျက်လုံးအိမ်ကတော့စိုစွတ်နေတယ်။
" အေး မေမီထွဋ် ပြော...."
" သြော် ငါက အသက်မှ ရှိသေးလားလို့
ပြောမလို့ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ် "" ဟုတ်လား ဘာလဲ "
" အိမ်လာခဲ့ " အဲ့နောက်မှာတော့ သူမဘက်ကဘဲဦးအောင်ဖုန်းကိုချသွားပြန်ပါတယ်။
မင်းသန့်မျက်နှာကိုအမြန်သစ်ပြီး လေးလံတဲ့ ခြေလှမ်းတွေနဲ့ ဟိုဘက်အိမ်ကို ရောက်သွားတယ်
ဦးထွဋ်နဲ့ ဟိုမိန်းကလေးကဒန်းပေါ်မှာတူတူ ထိုင်နေကြပြီးသူ့ကိုတော့မြင်ပုံမပေါ်ဘူး။
သူမကကျောလယ်လောက်ရှိပြီး ဖြောင်းစင်းနေတဲ့ ဆံပင်ကို ဖားလျားချထားတယ်
ဘေးတစ်ချက်ကို စောင်းထိုင်ပြီး သူ့အပြုအမူမှန်သမျှကအသာအယာလေးတွေမို့ အဆင့်အတန်းတစ်ခုရှိမှန်းသိသာစေတယ်။
လေတိုက်တိုင်းမှာ လွင့်ထွက်သွားတဲ့ ဆံနွယ်တွေရယ်ပြုံးလိုက်တိုင်းမှာ ချိုင့်၀င်သွားတဲ့ ပါးချိုင့်လေးတွေရယ်တဖက်လူရူးသွားလောက်အောင် ဆွဲငင်တတ်တဲ့ အကြည့်တွေရယ်
" ဟဲ့ ရောက်နေပြီလား " မေမီထွဋ်က သူ့ ပုခုံးကိုပုတ်ပြီး ပြောတယ်
ŞİMDİ OKUDUĞUN
My Crush thinks I'm in love with his niece (Completed) U+Z