Company ကနေ ထွက်လာတဲ့ လွန်းကို
တွေ့တော့ သူ လက် လှမ်းပြလိုက်တယ်လွန်းနဲ့ မတွေ့တာ ၁ လတောင်ကြာသွားပြီ
သူမလည်း သူ့ကို စိတ်ပြေလောက်ပြီထင်တယ်လွန်းက သူ့ကိုတွေ့တော ပြန်ပြုံးပြတယ်
" Exam ဖြေနိုင်လား...."
" အင်း မဆိုးပါဘူး "
🎵I want to
I want to be someone else or I'll explode
Floating upon the surface for the birds
The birds
The birds
You want me
Fucking and come and find me
I'll be waiting
With a gun and a pack of sandwiches and nothing
Nothing
Nothing
Nothing🎵စကားပြောသံတွေ ငြင်းခုန်သံတွေ ခွက်ချင်းတိုက်သံတွေက ဘေးနားမှာ ဆူညံနေပေမယ့် သူတို့ကတော့
သံစဥ်နောက်ကို စီးမျောနေရင်း ဘာမှထွေထွေထူးထူး မပြောဖြစ်ကြဘူး..."ဆိုတော့ ...နင် သူ့ကို ဆက်သွယ်လိုက်တယ်ပေါ့"
မင်းသန့်က လက်ထဲကသောက်လက်စ ခွက်ကို လှည့်နေရင်း ပြုံးလိုက်တယ် လွန်း တစ်ခါမှ မမြင်ဖူးဘူးတဲ့ အပြုံးတွေနဲ့ ....
" အခုကော အရင်အတိုင်း ပြန်ဖြစ်ပြီလား "
" အဲ့ညကတည်းက ဘာမှ ဆက်မဖြစ်တော့တာ ...."
လွန်းက သောက်နေရင်း သူ့ကို ကြည့်လိုက်တယ်
" ဒါဆို ဘယ်လိုဖြစ်ကြမှာလဲ "
သူက မျက်ခုံးတစ်ဖက်ကို တွန့်လိုက်ရင်း
" ဒါက သူနဲ့တွေ့ မှပဲ ရှင်းမှရမယ် "
" ဘာလဲ ဒီ တစ်ခေါက်တော့ အိမ်ပြန်ပြီပေါ့
ဘယ်လောက်ကြာမှာလဲ "မင်းသန့်က လွန်းဘက်ကို ထိုင်ခုံကို လှည့်လိုက်ရင်း
" တစ်သက်လုံးလေ "
ဘေးနားက စကားသံတွေ ခွက်ချင်းတိုက်နေတဲ့ အသံတွေ ရုတ်တရက် တိုးသွားသလိုမျိုး
" ဝေးနေရတာ ဒီလောက်ဆို တော်လောက်ပြီလေ
ငါသူ့ဆီ ပြန်သွားသင့်ပြီလေ "" ဒါဆိုရင်နောက်တော့ ငါ bar မှာ အဖော်မဲ့နေတော့မှာပဲ " လွန်းက နောက်ရွတ်ရွတ်နဲ့ ပြောတော့ သူပါ လိုက်ရီ မိတယ်
YOU ARE READING
My Crush thinks I'm in love with his niece (Completed) U+Z