ဖေဖေကသူ့ကိုလက်လှမ်းပြတော့ သူ အပြေးလေး
သွားလိုက်တယ် ။မတွေ့ရတဲ့ နှစ်တွေမှာ ဖေဖေ သိသိသာသာ ကျသွားတယ် ။ အရေးအကြောင်းတွေရယ် အရောင်မဆိုးဘဲ
ဒီတိုင်းထားတဲ့ သူ့ရဲ့ ဆံပင်ဖြူဖြူတွေကို သူကြည့်မိတော့ တွေးမိတယ်" ဖေဖေတောင် အသက်အရွယ်ရလာပြီပဲ "
မေမေ့ရဲ့လက်နွေးနွေးတစ်စုံက သူ့လက်ဖဝါးကို
လာကိုင်တော့ သူ ပြေးဖက်လိုက်တယ်အရင်လို မိတ်ကပ်တွေ သိပ်မလိမ်းတော့ပဲ ခပ်ဖျော့ဖျော့ နှုတ်ခမ်းလေးကို အရောင်ခြယ်ထားတဲ့ သူ့မေမေကတော့ သိပ်ပြီးပြောင်းလဲမှု မရှိပါဘူး
သူ့ရဲ့လက်တစ်စုံက မေ့မေ့ကိုပွေ့ဖက်ထားပေမယ့် မျက်လုံးတွေကတော့ တစ်စုံတစ်ယောက်ကို
ရှာဖွေနေတယ်သူ့ပစ္စည်းတွေကို ကားထဲမှာ နေရာချသွားပြီးတာတောင် သူ အဲ့နားမှာပဲ ရပ်နေတုန်း ......
ဒီလိုနေ့မှာလည်း သူရောက်မလာခဲ့ပြန်ဘူး....
" ဖေဖေ ကားမှန်ဖွင့်မောင်းရအောင်..."
လွန်ခဲ့တဲ့ ၄ နှစ်တုန်းကထက် ဒီနေရာက ပိုပြီး
သေသပ်သွားတယ် ကားပါကင်တွေ ဖြောင့်ဖြူးနေတဲ့လမ်းတွေ ပိုများလာတဲ့ ဆိုင်ခန်းတွေရယ် သူ့ရဲ့ ဦးနှောက်ကအခုချိန်ထိ ဒီနားမှာဖြတ်ပြေးခဲ့တဲ့
သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေကို အသေးစိတ် မှတ်မိနေတုန်း....အဲ့နေ့က သူကလေ သူ့လက်ကို ဆုတ်ကိုင်ပြီး
နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေခဲ့တာကျွန်တော် မြင်ဖူးသမျှ အပြုံးတွေထဲမှာ အတောက်ပဆုံး
အပြုံးတွေလေ ။ငါလည်း မင်းကို ထပ်တူမြတ်နိုးရပါတယ်တဲ့ ။
အခုတော့ သူ့လက်နှစ်ဖက်ကို တင်းတင်းဆုတ်ကိုင်ရင်း
မျက်လုံးနှစ်ဖက်ကို တင်းတင်းပိတ်ထားမိတယ်လွန်း ပြောသလိုမျိုး ကျွန်တော် ကိုယ့်ကိုကို
လျော့ချလိုက်တဲ့အခါ အရာအားလုံးက အဆီးအတား မရှိဝင်ရောက်လာပါလား......
![](https://img.wattpad.com/cover/210003616-288-k609467.jpg)
ESTÁS LEYENDO
My Crush thinks I'm in love with his niece (Completed) U+Z