🎶အသည်းကွဲတယ်ဆိုတာ အရူးလိုပဲလား
အရူးလိုပဲလား အသည်းကွဲတယ်ဆိုတာ 🎶သီချင်းကိုနားထောင်မိရင်းရုတ်တရက်ဝေ့တတ်လာတဲ့ မျက်ရည်တွေကိုမကျအောင်မနည်းထိန်းထားရတယ်။
ဒီသီချင်းကိုကျော်ပေးရင်ပေး ဒါမှမဟုတ် ပိတ်ပေးဖို့
အရှေ့ကလူကိုအချက်ပြဖို့ ကားမှန်ကိုလှမ်းကြည့်တော့ မောင်းနေတဲ့သူရဲ့အကြည့်တွေက သူ့ဘေးက ဆံပင်ရှည်ရှည်လေးနဲ့ ကောင်မလေးကို ငေးကြည့်နေတယ် ။ကောင်မလေးကအဲ့သီချင်းကိုကြိုက်ပုံရတယ်
သူတစ်ချက်ချက်လိုက်ညည်းတာကိုကြားမိတယ်။မင်းသန့်ဘေးမှာ မေမီထွဋ်က နားကြပ်တပ်ပြီး မျက်လုံးကိုမှိတ်ထားတယ် ။ သူနဲ့မျက်နှာချင်းဆိုင်ဖို့ထက် သူ့အတွက်စိတ်မကောင်းနေတာဖြစ်ဖို့များတယ် ။
ကားမှန်ကိုရိုက်ခတ်နေတဲ့မိုးရေစက်တွေက သူ့ မျက်ရည်နဲ့အပြိုင်တစက်စက်ကျနေတယ် ။
သူအိမ်မြန်မြန် ပြန်ရောက်ဖို့ဆုတောင်းနေတယ်
ဒီ မကောင်းတဲ့ ခံစားချက်နေ ရုန်းထွက်ချင်နေပြီ ။သူ ဆုတောင်းမပြည့်ခဲ့ပါ ။သူတို့အိမ်အပြန်လမ်းက ကော်ဖီဆိုင်လေးရှေ့မှာ ဦးထွဋ်က ကားကိုပါကင်ထိုးလိုက်တယ် ။
သူနဲ့မေမီထွဋ်နဲ့ ကော်ဖီဆိုင်ထဲဝင်ပြီးနေရာယူပြီးသည်အထိဦးထွဋ်တို့ရောက်မလာသေး ။
နောက်တော့ ထီးတစ်ချောင်းကို နှစ်ယောက်ဆောင်းပြီး ပြေး၀င်လာကြတယ် ဒါမဲ့ ထီးက ပိုပိုသာသာ သူ့ဘေးက ကောင်မလေးဆီမှာပေါ့ ။
လက်တစ်ခုလုံးစိုရွှဲနေတဲ့ ဦးထွဋ်ကိုတစ်သျူး သူလှမ်းမပေးခင်မှာပဲရေစင်လေးတွေထိရုံသာထိခဲ့တဲ့သူမရဲ့ လက်ကိုအလျင်စလိုသုတ်ပေးနေတယ် ။
ဦးထွဋ်ခင်ဗျားလဲစိုရွှဲနေတယ်လေဗျာ.....
မိုးရာသီရယ်ပူပူနွေးနွေးကော်ဖီခွက်လေးရယ် ဆိုင်ရဲ့ အပြင်အဆင်ရယ် အားလုံးက ဘာမှ ပြောစရာမရှိလောက်အောင်ပြည့်စုံနေပေမယ့် သူကတော့ရင်ထဲမှာဟာတာတာနဲ့ရယ်....
YOU ARE READING
My Crush thinks I'm in love with his niece (Completed) U+Z