Chapter-19

9.4K 1K 52
                                    

ဟိုကို ​ရောက်တဲ့အခါ ကိုယ့်​မြေ ကိုယ့်​ရေ
မဟုတ်​တော့ အစစ အရာရာ ဂရုစိုက် "
မင်းသန့်အ​မေက သူ့ခေါင်း​လေးကို ခပ်ဖွဖွပွတ်သပ်​ပေးရင်းစိတ်မ​ကောင်းဖြစ်​နေတယ်

သူ အခန်းကို လှည့်ပတ်ကြည့်​နေရင်း
" ​နောက်နှစ်ရက်​လောက်ဆိုဒီ​နေရာကအလွတ်ကြီး
  ဖြစ်​တော့မှာပဲ "

" ​မေ​မေ အခန်းကို ဒီတိုင်းပဲ ဘာမှမပြင်ဘဲ
  ရှင်းစရာရှိတာပဲ လာရှင်း​ပေး​နော် "

သူ့အခန်း ဝါရံတာ​က သံတိုင်တစ်ချို့က သံ​ချေး​တွေ​တောင် တက်​နေပြီ

​နောက်နှစ် မိုးရွာကျရင် ဒါကြီး ခံနိုင်ပါ့မလား

ဒီနားမှာ စိုက်ထားတဲ့ ပန်းပင်​တွေက​ရော
ဆက်ရှင်ပါဦးမလား

အရင်လို ဂစ်တာထွက်ထွက်တီးသံမကြားရ​တော့
ပတ်၀န်းကျင်က သူ့ကို သတိရ​နေမလား .......

သူ့အကြည့်​တွေက တစ်ဖက်​ဘေး အိမ်က အခန်း​လေးကို ​ရောက်သွားတယ် ။

အဲ့အခန်းပြတင်း​ပေါက်​လေးက မဖွင့်​တော့တာ အ​​​တော်ကြာပြီ

အပြာ​ရောင် ခန်းစည်းစ​လေးက ​လေထဲ ၀ဲလွင့်မ​နေတာ ကြာပြီ ဖြစ်သလို သူကလည်း အရင်လို ပြာယာခတ်ပြီး ခိုးမကြည့်ဖြစ်တော့ဘူး

အင်းး တစ်ခါတစ်ရံ ဒီအတိုင်းရပ်​နေရင်း
မ​တော်တဆ အခုလိုမျိုး ကြည့်မိရင် ကြည့်မှာ​ပေါ့

                            *******

" Happy Birthday လွန်း "
ဓါတ်ပုံကိုအမျိုးမျိုး ရိုက်​နေတဲ့ လွန်းက သူ ယူလာ​ပေးတဲ့ ကိတ်မုန့်​လေးကို တော်​တော် သ​​ဘောကျပုံရတယ်

ဒီ​နေ့​တော့ မိတ်ကတ်ပါးပါး​​လေး လိမ်းထားပြီး
ဆံပင်အားလုံးကိုအ​​ပြောင်သိမ်းကာ ထုံးထားတယ်

လွန်းက ဆံပင်စည်းထားတာထက်စာရင် ဒီလိုမျိုး
ထုံးထားတာနဲ့ ပိုပြီးလိုက်တယ်လို့ သူ မြင်မိတယ်

" ငါ facebook ​​ပေါ် တင်လိုက်ဦးမယ် "
သူ​ခေါင်းတစ်ချက်ငြိမ့်ပြကာ သူ့လည်း ဖုန်းကိုလည်း
ဖွင့်လိုက်တယ်

ဦးထွဋ်ရဲ့ အ​ကောင့်ကို tag တွဲကာ take care ဆိုတဲ့ Hagtag ​တွေကိုတွေ့​တော့ သူ ၀င်မကြည့်​တော့ဘူးလို့ဆုံးဖြတ်ထားတဲ အ​ကောင့်ထဲကို ၀င်ကြည့်မိလိုက်တယ်

My Crush thinks I'm in love with his niece (Completed) U+ZTempat cerita menjadi hidup. Temukan sekarang