Chapter-18

9.1K 1K 22
                                    

မင်းသန့် နင်အခု ငါနဲ့လိုက်ပြီးသာ ​ကျောင်းမတက်ဖြစ်ရင် ဘွဲ့ရပြီဆိုရင် ဘာလုပ်မှာလဲ "  ​ရေးလက်စessayကိုရပ်လိုက်ရင်း သူ ခဏ စဥ်းစား
လိုက်တယ်

လွန်းအ​​ဝေးကို ကြည့်ရင်း သူ့မရဲ့ ပြီးခဲ့ပြီး​သော
Memories တွေကိုပြောပြ​နေတယ် ။

" ငါကျ​တော့ အထက်တန်းပြီးတဲ့အခါ လူတစ်​ယောက်နဲ့ တူတူ တက္ကသိုလ်တူတူ တက်ကြဖို့ ​ကျောင်းပြီးတဲ့အခါ ​ကော်ဖီဆိုင်​လေးတစ်ခုကိုဖွင့်ကြပြီး နှစ်​​ယောက် တူတူအမြဲရှိကြဖို့ကတိ​တွေ​ပေးဖူးတယ် "

" အဲ့ဒီချိန်တုန်းက စိတ်ကူးကိုယ်စီနဲ့
ငါတို့ တကယ်​ပျော်ခဲ့ကြတာ "

တကယ်တမ်းငါတို့ လက်​တွေ့ရင်ဆိုင်ရတဲ့အခါ
ဘာမှအစမပြုနိုင်ခင်မှာဘဲ ငါတို့ အဆုံးသတ်သွားကြတယ်။ သူက​တော့ သူ့​တကယ် သ​ဘောကျတဲ့ အရာကို သူ ရှာ​တွေ့သွားပြီး ငါက​လည်း ငါ့ လမ်းငါ​လျှောက်ခဲ့တယ် ။

လွန်းက သူ့ကို ခပ်ဖွဖွ ပြုံးပြရင်း ​ပြောတယ်

" ငါတို့ရဲ့ ကတိ​တွေကို ငယ်ရွယ်စဥ်က ရူးသွပ်မှုတစ်ခုလို့ မှတ်ယူတဲ့အခါ ငါတို့ ​အေး​အေး​ဆေး​ဆေး ​
ကျောခိုင်းနိုင်ခဲ့ကြတယ် "

" ငယ်ရွယ်စဥ် ရူးသွပ်မှုတစ်ခု "
သူတိုးတိုး​လေး ​ရေရွတ်လိုက်တယ်

" လွန်း နင်သိလား ငါ့လဲ နင့်လိုပဲ ရူးသွပ်ခဲ့ဖူးတယ် "

လွန်းက သူဆက်​ပြောမယ့်စကားကို ​စောင့်​နေတယ်

" သူက က​လေး​တွေကို သိပ်ချစ်တက်ပြီး
အရမ်းစိတ်ရှည်တဲ့ သူ တစ်​ယောက်​ပေါ့ "

" သူနဲ့ တူတူ ခရီး​တွေ တူတူ ထွက်ပြီး နယ်ဘက်​တွေမှာ ပညာဒါန​တွေ လုပ်ချင်တယ် ​။ ​နေ၀င်ချိန်က​နေ
​နေထွက်ချိန်ထိ တူတူရှိချင်တယ် ။ ငါ့ကိုပဲ
ကြည့်​စေချင်တယ် ။ သူ ငါ့ကိုပဲ အားကိုးစေချင်တယ် "

"ငါလည်း လွန်းလိုပဲ အိမ်မက်က
  နိုးထလိုက်ရတယ်လေ"

" ဘာလို့လဲ သိလား သူကလည်း ​ငါ့လို ​ယောကျ်ား
တစ်​​ယောက်ဖြစ်​နေခဲ့ပြီး ငါတို့ ချစ်ခြင်းထက် အတင်းအဖျင်းတွေကို သူက ပိုဂရုစိုက်ခဲ့တယ်​လေ "

My Crush thinks I'm in love with his niece (Completed) U+ZDonde viven las historias. Descúbrelo ahora