When I was young I'd listen to the radio
Waitin' for my favorite songs
When they played I'd sing along, it made me smile🎵ဦးထွဋ်ရဲ့ ကျောပြင်ကို မှီတွယ်ကာ သီချင်းသံလေးကို စီးမျောရင်း မှေးနေလိုက်တယ်
ဦးထွဋ်က ဒီနေ့တော့ နားရက်ရလို့ သူနဲ့ အဖော်ပြုပေးပြီး အေးအေးလူလူ စာဖတ်နေတယ်
သူကတော့ ဘေးမှာကပ်တွယ်ကာတဝါးဝါး သမ်းဝေနေရင်းကနေ မျက်ရည်တွေတောင်ထွက်လာပြီ
" ဦးထွဋ် စာ ဖတ်လို့ မပြီးနိုင်သေးဘူးလား "
ဦးထွဋ်ရဲ့ ထုံးစံ အတိုင်း စာအုပ်ကို ဖတ်လက်စကို အောက်မချဘဲ လက်ညိုးနဲ့ထိုးညှပ်ထားပြီး
သူ့ ခေါင်းလေးကို ဖွဖွ ပုတ်ပေးနေတယ်။ပြီးတော့ စာအုပ်ပေါ်မှာ အာရုံကို ပြန်စိုက်လိုက်တယ်
သူလည်း ဦးထွဋ်ချော့တာ ခံချင်လို့ အိပ်ယာပေါ်ကို ချက်ချင်းပဲ ပြေးတက်လိုက်တယ်
5 မိနစ် 10 မိနစ် 15 မိနစ် လောက်ကြာတော့ ဦးထွဋ်ထရပ်လိုက်တာကို သတိထားမိလိုက်ပြီ ရေးးး ဟုတ်ပြီ
ဖက်လက်စစာအုပ်ကို စားပွဲပေါ်မှာ တင်ရင်း သူ့ဆီကို ဖြည်းဖြည်းချင်းလျှောက်လာနေပြီ လမ်းလျှောက်တာက အစ ခြေသံ မကြားရပေမယ့် ဦးထွဋ်ရဲ့ လှုပ်ရှားမှုတွေကို သူ အလွတ်ရနေပြီ ။
အိပ်ယာ ထောင့်စွန်းမှာ ဖွဖွလေး ထိုင်ချလိုက်ပြီး
သူ့ရဲ့ ကျောကုန်းကို ပုတ်ပေးရင်း လာချော့နေတယ်စိတ်တကယ်ဆိုးနေကြောင်းဟန်ဆောင်သရုပ်ပြရင်း
ဟိုတစ်ဖက် ဒီဘက်ကို လူးလိမ့်ကာ အသံမထွက်ပဲ
နေနေလိုက်တယ် ။ဦးထွဋ်ရဲ့ အိပ်ယာက ဖြည်းဖြည်းချင်း အိကျသွားပြီး
မင်းသန့်ကျောဘက်လှည့်နေပေမယ့် ဦးထွဋ်ရဲ့
အငွေ့အသက်လေးကို ခံစားနေရတယ်ဒီလူကတော့ ချစ်လွန်းလို့ ရူးတော့မှာဘဲ
သူ့ရဲ့ ဦးထွဋ်က သူ့ရဲ့ နားနောက်ကနေ လေပူလေးတွေကို မှုတ်ထုတ်လိုက်ပြီး အပေါ်ကနေ စီးမိုးကာ သူ့
ပါးထက်ကို အနမ်းတစ်ဖွဖွလေး ခြွေချလိုက်တယ်
YOU ARE READING
My Crush thinks I'm in love with his niece (Completed) U+Z