ဇွန်းသံ ခရင်းသံတွေ ရယ်သံတွေနဲ့ ပြည့်နှက်နေတဲ့ အခန်းမှာ ကျောက်ရုပ်လိုပဲ ထိုင်နေမိတယ်
" အဲ့တော့ ဖေဖေနဲ့လုပ်ငန်းပိုင်းဆိုင်တွေကို
သားကစတင်ပြီးလေ့လာတော့မယ်ပေါ့ "အသားညိုညိုနဲ့ ခေါင်းတစ်ခုလုံးဖြူနေပြီး သဘောကောင်းပုံရတဲ့ ဖေဖေ့ သူငယ်ချင်းက သူ့ကိုမေးခွန်းတွေမေးလိုက် ဖေဖေနဲ့ စကားပြောလိုက် ဧည့်ခံလိုက်နဲ့
ဒီတစ်ခါတော့ သူ့အဖေက ဘယ်သွားသွား ပွဲလယ်တင့်စေတဲ့ သူ့အမေကိုထားခဲ့ပြီး သူနဲ့သာလာခဲ့တယ်
သူ့အဖေက သူ့ကိုလူတွေအလယ်ချပြလို့ရပြီဆိုတဲ့
အတွေး၀င်လာခဲ့ပြီ ။နေ့တိုင်းလိုလို သူ့ လုပ်ငန်းတွေအကြောင်း သူ့ မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးတက်ပြီး ဒီနေ့ သူရောက်နေတဲ့
အိမ်ကတော့ အရေးကြီးတဲ့ ပုံပဲ ။" kiss-me ပန်းတွေကို သဘောကျတာလား "
လွန်းရဲ့ အသံကိုကြားတော့ သူနောက်လှည့်လိုက်တယ်သူမက ခြေသလုံးထိ ဖုံးတဲ့ ဂါ၀န် ပန်းနုရောင်လေးကို ၀တ်ထားပြီး ဒေါက်အမြင့်လေးကို စီးထားတယ်
အနီရောင်ဖဲပြားကြိုးလေးနဲ့ သူမရဲ့ဆံပင်တွေကိုချည်နှောင်ထားပေမယ့် လေတိုက်တဲ့အခါမှာ နားထင်နားကဆံနွယ်စလေးတွေက သူမ မျက်နှာပေါ်ကို ဖြည်းဖြည်းချင်း ထိခက်နေတယ် ။
သူမက အဲ့ဒီဆံနွယ်မျှင်လေးတွေကို နားနောက်ကို
သွင်းလိုက်ရင်းသူ့ကို ပြုံးပြနေတယ်။ဒီတိုင်းနေရင်တောင် သူ့မရဲ့ ပါးချိုင့်လေးက ထင်းနေပြီးသူမပြုံးလိုက်တဲ့အခါတိုင်းမှာတော့ ပါးချိုင့်လေးက သိသိသာသာအထဲကို ခွက်၀င်သွားတယ်
" အာ နင် အရမ်းကို အရပ်ရှည်လာတာပဲ "
လွန်းက လက်ကိုမင်းသန့်ခေါင်းထိပ်မှာ မထိအောင်တင်လိုက်ရင်း သူမနဲ့ယှဥ်နေတယ်
" အရင်က နင်ငါ့ထက်ပုတယ်လေ "
သူ့ရဲ့ အရင်က ဆိုတဲ့ မှတ်ဥာဏ်ထဲမှာ သူမ မပါ၀င်ပေ။ သူမက သူအရင်နေခဲ့ဖူးတဲ့ အိမ်နားက သူငယ်ချင်းတစ်ယောက် အဖြစ်ပဲ မှတ်မိတယ် ။
YOU ARE READING
My Crush thinks I'm in love with his niece (Completed) U+Z