ကျွန်တော်တို့ ပတ်သတ်မှုကို အဆုံးသတ်မယ် ဟုတ်လား " မင်းသန့်ရဲ့အသံက သူတို့ ခြံ၀န်းထဲမှာ
ပျံ့နှံ့သွားတယ် ။ဒန်းပေါ်မှာထိုင်နေတဲ့ သူ့ကို မင်းသန့်က တင်းတင်းဖက်လိုက်တယ်
" ဦးထွဋ် လာနောက်နေတာလား မနေ့က ဖေဖေ
ဘာပြောလို့လဲ လက်မခံနိုင်ဘူးတဲ့လား "မင်းသန့်မိဘတွေကတမင်တကာ ရှောင်ထွက်သွားပေးတာမို့ သူကိုယ်တိုင်ဒီနေရာကို ရောက်လာတာဖြစ်တယ်
" သူ လက်ခံတာ လက်မခံတာထက် လူတွေကို
ငါ ရင်မဆိုင်ချင်လို့ပါ "သူ့ကို ဖက်ထားတဲ့ လက်တွေက အားလျော့သွားပြီး
တစ်ဖက်က သူ့ကို မယုံကြည်တဲ့ ပုံနဲ့ မေးတယ်" ခင်ဗျားပြောတော့ ကျွန်တော်တို့ကပိုပြီး
အရေးကြီးတာဆို ခင်ဗျားဗျာ "
နီရဲနေတဲ့မျက်လုံးထောင့်က စိုစွတ်နေတဲ့မျက်ရည်စကို တွေ့တော့ သူ လည်းမျက်နှာလွဲလိုက်တယ်" တကယ်တမ်း ပြန်တွေးကြည့်တော့လေ ပတ်ဝန်းကျင်မိသားစု နဲ့ အခုကိုယ်ရောက်နေတဲ့နေရာက ပိုအရေးကြီးသွားတယ် အဲ့တော့ ...."
" အဲ့တော့ ...လမ်းခွဲမယ်ပေါ့ "
ရုတ်တရက်ဆိုသလို မင်းသန့်မတ်တပ်ရပ်ကာ
" အဲ့တာဆို ဘာလို့များဒီတိုင်းနေတဲ့ ကျွန်တော့ကို
ဒီတိုင်းလေး ခင်ဗျားနားမှာရှိနေတဲ့သူကို ရှေ့မတိုးတိုးအောင်မျှော်လင့်ချက်ပေးလဲ "" ငါ ..ငါ တောင်းပန်ပါတယ် "
ဒါပေမဲ့ မင်းသန့်က သူ့ ဒူးနားမှာထိုင်ချလိုက်ရင်း
ခေါင်းငုံ့နေတဲ့သူ့ရဲ့မျက်နှာကိုဖြည်းဖြည်းချင်းမော့
ဆုတ်ကိုင်ကာ" ဒါဆိုလည်း သူတို့ကို မပြောပြဘူးလေ ကျွန်တော်တို့ချင်းပဲ သိကြမယ်လေ ဒီအတိုင်းလေးပဲ......"
ရွေ့လျားဖို့ ခက်နေတဲ့သူ့ရဲ့ခေါင်းကိုတဖြည်းဖြည်း
ခါယမ်းလိုက်ရင်း" ဒါလောက်ပဲ တော်လောက်ပြီ ပင်ပန်းနေပြီ
ဒါမှာတင် ရပ်လိုက်ကြပါစို့ "
YOU ARE READING
My Crush thinks I'm in love with his niece (Completed) U+Z