လက်ကနေတစ်စက်ချင်းကျနေတဲ့ သွေးစက်တွေကို
ဂရုမစိုက်ပဲမှန်တံခါး အပြင်ဘက်ကနေ ပေါ်လာမယ့် အရိပ်ကလေးကို စောင့်နေမိတယ်။သူ့အရှေ့မှာတော့ကျောင်းအုပ်ကသူ့အတန်းပိုင်နဲ့ သူ့ကို ကြည့်ပြီးစကားတွေပြောနေကြတယ် ။
သူ့ ဘယ်ဘက်အခြမ်းမှာ သူ့လိုပဲ ယောင်ကိုင်းနေပြီး အော်ညည်းနေတဲ့အရူးကောင်တစ်ချို့နဲ့ အဖြစ်သည်းနေတဲ့ မိဘတစ်စု ။
သူ့ ညာဘက်အခြမ်းမှာတော့ "မေမီထွဋ်" က ခေါင်းငုံ့ပြီး လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားကာ ထိုင်နေတယ် ပြီးတော့ ဘေးမှာ သူမကိုအရိပ်တကြည့်ကြည့်နဲ့ ကျွန်တော့်ရှားရှားပါးပါးသူငယ်ချင်း။
မေမီထွဋ်ကကျွန်တော့်ဘေးထိုင်ခုံကအတန်းဖော်
ကျော်စွာနဲ့အခုတလောစပြီးDate ကြည့်နေတယ်
ထင်ရတာပဲဗျာ။ကဲ ခင်ဗျားတို့ထင်တဲ့အတိုင်းပဲ ကျွန်တော်ရန်ဖြစ်ခဲ့ပါတယ် ။ အကြောင်းကတော့ ထွေထွေထူးထူး မဟုတ်ပေမယ့် မထိသင့်တဲ့ သူကို သူတို့ လာထိတယ်လေ။
ကျွန်တော်တို့အတန်းထဲမှာ "မေမီထွဋ် " က ပုရိသတွေ ကြွေလောက်တဲ့ စံချိန်ထဲမှာ ပါတယ်ပေါ့ ။
ရုပ်ချောတယ် style ကျတယ် အဓိက ကတော့ ဥာဏ်များပြီးအကြောတင်းတယ်။ အဲ့အချက်ကလည်း သူ့ကို လူတိုင်း သဘောကျစေတယ့် အချက်ပေါ့ ။
သြော်... ကျွန်တော်တော့ မပါဘူးပေါ့ဗျာအတန်းထဲကကောင်တော်တော်များများက သူ့ကို ကြိုက်ကြတယ်။ အဓိကကတော့ ကျွန်တော့သူငယ်ချင်းနဲ့ အခု ရန်ဖြစ်တဲ့အကောင်တွေ အုပ်စုနဲ့ပေါ့
ကျွန်တော် " ဦးထွဋ် " အပေါ် ခံစားချက်တွေကို သူသိပြီးတဲ့နောက်မှာ ကျွန်တော့တို့ကြားမှာဘာမှမရှိတဲ့အကြောင်း သူငယ်ချင်းတွေကြားမှာ ပွင့်ပွင့်လင်းလင်းပဲ မေမီထွဋ်ကိုယ်တိုင် ထုတ်ပြောခဲ့တယ်လေ။
အဲ့နောက်မှာ မေမီထွဋ်အပေါ်ကို သူတို့ကသိသိသာသာချဥ်းကပ်လာကြတာပဲ။ကျော်စွာနဲ့သူတို့နှစ်ယောက် canteen က အပြန်မှာ မေမီထွဋ် ရဲ့ အချေဇယားကြောင့် ကျောင်းလှေကားထစ်မှာပဲ ပြသာနာဖြစ်ခဲ့ကြတာ။
YOU ARE READING
My Crush thinks I'm in love with his niece (Completed) U+Z