နွေဦးရဲ့ကျောင်းသုံးလပိတ်ချိန်မှာ မင်းသန့်တို့အိမ်ပြောင်းခဲ့ကြတယ်။ဖေဖေနဲ့မေမေကသူတို့အခန်းကိုသူတို့စိတ်ကြိုက်အလှဆင်နေချိန်မှာ သူဟာအိမ်ထိန်းရဲ့လက်ထဲမှာနေခဲ့ရတယ်။ဒါကသူနဲ့မစိမ်းလှ။
မိဘနှစ်ပါးကမင်းသန့်ကို ဂရုစိုက်ဖို့ထက်သူတို့ကိစ္စကိုသာအလေးပေးကြသူများဖြစ်တယ်။အိမ်ထိန်းကြီးကသစ်ကိုင်းနဲ့ငြိနေတဲ့စွန်လေးကို
မယူပေးဘဲအသစ်သွားယူမယ်ဆိုပြီးထွက်သွားခဲ့တယ်။ မလိုချင်ပါဘူး။ဒီစွန်လေးကိုသူအရမ်း
သဘောကျတာတစစီပျက်ဆီးသွားရင်တောင်
သူမရရအောင်သိမ်းထားမှာ။အဲ့နောက်မှာသူ့စွန်လေးရှိတဲ့သစ်ပင်ကိုအတင်းတွယ်ကပ်ခဲ့တယ်။
သူအဲ့ဒီစွန်လေးကိုမမှီခဲ့သလို အောက်လဲမဆင်းရဲခဲ့ဘူး။တော်တော်လေးကြာတဲ့အခါသစ်ပင်အောက်ကို ဂါဝန်အဖြူလေးနဲ့ကောင်မလေးရောက်လာခဲ့တယ်။ ဆံပင်နှစ်ဖက်ကိုကျစ်ဆံမြီးကျစ်ထားပြီးဝက်ဝံရုပ်လေးကိုပိုက်ထားတယ်။သူမကသူ့ကိုသနားဖွယ်
အကြည့်နဲ့ကြည့်နေခဲ့တယ်။ဒါနဲ့သူမရဲ့အကြည့်တွေက အရမ်းမုန်းဖို့ကောင်းတာပဲ ။"ဆင်းလာခဲ့လေ မဆင်းရဲဘူးလား"ခနဲ့တဲ့လေသံနဲ့ သူမပြောလိုက်တယ် ။
"နင်ငါနဲ့သိလို့ စကားလာပြောနေတာလား "
မင်းသန့်လည်းသစ်ပင်ကိုကုပ်တွယ်ရင်း
ခပ်တည်တည်နဲ့ပြန်ပြောလိုက်တယ်။" သိသိမသိသိ နင်အခုတက်နေတာ ငါ့အိမ်က အပင် ခုချက်ချင်းဆင်းလိုက်"သူမကတကယ်ကို ရိုင်းတာပဲ။
မင်းသန့်ခဏခဏဆော့ပြီးဒဏ်ရာရတတ်လေ့
ရှိပေမယ့်ဒီတစ်ခါခုန်ပြီးဆင်းရင်ဒဏ်ရာပြင်းမယ့်ပုံ ပေါ်တယ်။မြေပြင်ပေါ်မှာဆော့ရင်းဒဏ်ရာရတာမဟုတ်ဘဲခုန်ချပြီးရမယ့်ဒဏ်ရာဖြစ်ပြီးမတော်ကျိုးပဲ့မှာဖြစ်တယ်။သူမမဆင်းခိုင်းရင်တောင်
သူ့ဘာသာသူဆင်းမှဘဲရမှာ။သူဘယ်နေရာမှာ
ဘာလုပ်နေလဲအထူးတလည်စိတ်ဝင်စားပေးမယ့်သူမရှိ။မျက်လုံးကိုစုံမှိတ်ကာခုန်ချလိုက်တယ်။
မြေပြင်ကိုခြေထောက်နဲ့ထိလုနီးပါးဖြစ်ကာ
ခြေချော်မလိုဖြစ်နေစဥ်မှာပဲဟန့်တားခံရပြီး
သူရပ်တန့်သွားခဲ့တယ်။ သူ့လက်ကိုတင်းတင်းဆုတ်ကိုင်ကာထွေးပွေ့မှုတစ်ခုကသူ့ကိုကြိုဆိုလိုက်တယ်။သူအရမ်းလန့်သွားခဲ့တယ်။အားကိုးတကြီးနဲ့ တစ်ဖက်ကလူလက်မောင်းကိုမလွတ်တမ်းဆုတ်ကိုင်ထားခဲ့တယ်။ ရုတ်တရက်ဆိုသလို မွှေးလိုက်တာ ။
![](https://img.wattpad.com/cover/210003616-288-k609467.jpg)
YOU ARE READING
My Crush thinks I'm in love with his niece (Completed) U+Z