" Happy Anniversary လွန်း "
သူ ယူလာပေးတဲ့ကိတ်မုန့်ကို လွန်းက သေသေချာချာဆုပ်ကိုင်ရင်း မီးဖိုချောင်ထဲမှာထားလိုက်တယ်" လွန်း နေမကောင်းဘူးလား မျက်နှာမလန်းဘူးနော်"လွန်းရဲ့နဖူးကို သူစမ်းလိုက်တော့ လွန်းက ဪခေါင်းခါပြတယ် ။
" မနေ့ညက ကိုယ့်ကို ဖုန်းခေါ်သေးတာလား "
" အင်း ကိုယ် လွန်းကိုခေါ်တယ် စကားတွေ
အများကြီးပဲပြောတယ် "" ဟုတ်လား ဘာတွေ ပြောမိသေးလဲ "
ဖွင့်လက်စ ရေဘူးကို အဆုံးထိ ဆက်မဖွင့်သေးဘဲ
လွန်းပြောမယ့် ဟာကို သူစောင့်လိုက်တယ်" ယူ မူးလာတိုင်း ပြောတဲ့ဟာတွေပဲလေ "
စိတ်သက်သာရ သွားသလိုလေပူတွေကို
မှုတ်ထုတ်လိုက်ရင်း" အရင်တိုင်းပဲ ချစ်တဲ့ အကြောင်းတွေပဲလား "
သူ လွန်းရဲ့ ပုခုံးကို ဖွဖွ ပုတ်ရင်း
" ကိုယ်ထုတ်မပြောဖြစ်ခဲ့တဲ့ စကားတွေကို
အဲ့အချိန်မှာပဲ ပြောခွင့်ရှိတာလေလွန်းရဲ့....."
လွန်းရဲ့ နှာခေါင်းချွန်ချွန်လေးကို ချစ်စနိုးနဲ့ ဆွဲလိမ်လိုက်တယ်။ဒီလိုနေ့တိုင်း လွန်းက သူ့ပေါင်ပေါ်မှာ လှဲအိပ်ရင်း
သူတို့ အမှတ်တရဓါတ်ပုံတွေကို တူတူကြည့်ကြတယ်။အဲ့တုန်းက အဖြစ်အပျက်တွေကို ပြန်ပြောရင်း
အချိန်တွေတူတူ ဖြုန်းကြတယ် ။ဓါတ်ပုံတွေကို ဖြည်းဖြည်းချင်းစီ လှန်ရင်း အတွေးတွေထဲမှာ မျောနေတဲ့ လွန်းကို အသိ၀င်အောင်
လက်ကလေးကို ဖြည်းဖြည်းချင်း ဆုတ်ကိုင်လိုက်တယ်" အာ..လက်တွေအေးစက်နေတာပဲ "
သူလက်ကိုင်လိုက်တော့ လွန်းက သူ့မရဲ့ နောက်လက်တစ်ဖက်နဲ့ သူ့လက်ကို အုပ်မိုးပြီး ကိုင်လိုက်တယ်" You know how much I love u Min Thant" လွန်းက မင်းသန့်နှုတ်ခမ်းကို ရုတ်တရက် နမ်းလိုက်ပြီး သူ့ပေါ်ကနေ ထလိုက်တယ်
" နောက်ထပ် albumn တစ်ခု ထပ်ကြည့်ကြမယ် "
သူ့ကို ကျောပေးပြီး စာအုပ်စင်ရဲ့ ထောင်လေးမှာ ထားထားတဲ့ albumn တွေကို တစ်ခုချင်းစီ ပြန်ရှာနေတယ်
YOU ARE READING
My Crush thinks I'm in love with his niece (Completed) U+Z