Chapter-4

14K 1.5K 39
                                    

"နင်ကဦးထွဋ်ကိုကြိုက်​နေတာ​ပေါ့" ​မေမီထွဋ်ရဲ့
အာ​မေဋိတ်အသံအကျယ်ကြီးထွက်သွား​​တဲ့အခါ assignmentတင်ဖို့keyboardကိုရိုက်​နေတဲ့လက်​တွေတန့်သွားတယ်။

ဘေးကိုကြည့်​တော့သူ့ဖုန်းကိုကိုင်ထားတဲ့မေမီထွဋ် အ​သေအချာ​ပြောရရင်သူမကသူ့ရဲ့ဖုန်းထဲက galleryထဲကို​ရောက်​နေတာပဲ ။

သူ့ရဲ့ဖုန်းထဲမှာသူ့ပုံ၄ ၅ပုံကလွဲပြီးဦးထွဋ်ပုံ​တွေပဲနေရာယူထားတာယုတ်စွအဆုံးမိသားစုပုံ​တောင်မရှိ။

များစွာ​သောphotosတွေဟာဦးထွဋ်တောင်မသိနိုင်တဲ့ပုံ​တွေ

ဦးထွဋ်သူ့​ဘေးမှာအိပ်​နေတုန်းသူခိုးရိုက်ထားတဲ့ပုံ

​ကျော့ရှင်း​နေတဲ့လည်တိုင်ဖြူဖြူ​လေး​တွေ

စာအုပ်ဖတ်တိုင်းအသာ​လေးစာမျက်နှာ​တွေကို
လှန်​နေတဲ့လက်​​ချောင်းဖြူဖြူ​လေးတွေကအစ

​သူမဘာမှမ​​ပြောနိုင်​​သေးဘဲခဏ​လောက်တိတ်​နေ​သေးတယ် ။

သိပ်မကြာခင်မှာဘဲသူမအသံပြန်ထွက်လာတယ်။

" ငါထင်​နေခဲ့တာကမဖုံးမကွယ်​ပြောရရင်
နင်ငါ့ကိုသ​ဘောကျ​နေခဲ့တာလို့ထင်​နေတာ " ​
စကားသံအဆုံးမှာသူမရဲ့အသံကနစ်ဝင်သွားတယ် ခေါင်းကိုလည်းငုံ့ထားရင်းနဲ့​ပေါ့ ။

Assignmentကိုပြီး​အောင်လက်စသတ်ပြီးတဲ့ ​နောက်မှာမေမီထွဋ်ဘက်ကိုလှည့်ကာပြောလိုက်တယ်

"ငါသိပါတယ် နင်မှမဟုတ်ပါဘူးအားလုံးအဲ့လို​တွေး​ကောင်း​တွေးကြမှာပါဒါ​ပေမယ့်"

"ဒါ​ပေမယ့်ဟာငါတကယ်ကြီး
ဦးထွဋ်ကိုကြိုက်​နေတာဟ "

" .................."

"မဟုတ်ဘူးမူးယစ်​ဆေးတစ်မျိုးလိုပဲစွဲလမ်း​နေတာတစ်​နေ့​လောက်သူ့ကိုမမြင်ရရင်ကိုလူကပူထူ​နေတာ "

"သူ့အ​ပေါ်ငါဘယ်လိုစိတ်ထားလဲသူမသိ​သေးဘူး
သူသိဖို့လဲငါမ​​မျှော်မှန်းရဲ​သေးဘူးငါ့ရှေ့​ရေးအတွက်လိုအပ်တာ​တွေကိုဖြည်းဖြည်းချင်းလုပ်ကိုင်ရယူပြီးသွားမှသူ့ကိုအပိုင်လုပ်မှာအခုက​တော့ဒီအတိုင်း​လေးပဲဆက်သွားဖို့မျှော်လင့်တယ် ငါဆိုလိုတာကို
နင်နားလည်မှာပါ "

My Crush thinks I'm in love with his niece (Completed) U+ZWhere stories live. Discover now