Chapter -8

12K 1.3K 15
                                    

မင်းသန့်ဒီ​​​နေ့​တော့ပြာယာခတ်နေတယ်။သူတစ်​ယောက်ကလွဲပြီးအိမ်ကမိသားစု​တွေအပြင်ထွက်သွားကြတယ်။အိမ်မှာအလုပ်လုပ်တဲ့အန်တီကလည်း စျေးသွားတာပြန်မလာ​သေး။အိမ်ထိန်းကြီးက​တော့ ထုံးစံအတိုင်းမီးဖို​ချောင်ထဲဟိုလုပ် ဒီလုပ်​ပေါ့ ။

သူက ဒီ​နေ့ "ဦးထွဋ်" နဲ့ မုန့်လုပ်စားဖို့ ချိန်းထား​တယ်
သူ့အိမ်ဘက်မှာလည်းလူသူတစ်​ယောက်မှ မ​တွေ့ရဘူး ဖုန်းကလည်း မကိုင် .....

အကြိမ်ကြိမ် သက်ပြင်းချပြီးတဲ့ ​နောက်မှာ​တော့
Contact list ရဲ့ search မှာ ​မေမီထွဋ် နာမည်ကို ရိုက်ချလိုက်တယ် ။

​" ​​သြော်... အထူးအဆန်း ဖုန်းဆက်လို့ပါလား " ​
မေမီထွဋ်ရဲ့ အသံစူးစူးကတဖက်က​နေ ထွက်လာတယ်

" ​အင်းးး ဦးထွဋ်ကော "

" သူ့ ဖုန်းဆက်​လေ အိမ်ကအရမ်း​ဝေး​တော့ အလုပ်ရှုပ်​နေတာ​ပေါ့ အဟက် ..." သူက​လေတကယ်ကိုလျှာရှည်တာပဲ

" အိမ်​စောင့်​နေလို့ ဦးထွဋ်လဲဖုန်းဆက်လို့မရဘူး
​မေးတာ​ဖြေစမ်းပါ ငါတို့ဒီ​နေ့ မုန့်လုပ်စားဖို့ planရှိတယ် ပါချင်ရင်မေးတာ​ဖြေ " တဖြည်းဖြည်းနဲ့ စိတ်မရှည်​ချင်တော့ဘူး ။

" အာ... ကံဆိုးတာပဲ နင့်ရဲ့ ဦးထွဋ် နင်နဲ့ မုန့်လုပ်မစားနိုင်​တော့ဘူးးး သူ့ကိစ္စရှိတယ် နင်plan ကို ဖယ်လိုက်​တော့"

သူ ဘာမှဆက်မ​ပြောနိုင်ခင်မှာပဲ အရူးမကဖုန်းကို
ချပစ်လိုက်တယ် ။

ဧည့်ခန်းမှာ လည်ပင်း​တ​​​မျှော်​မျှော်နဲ့ ​နေပြီးတဲ့ ​​နောက် ​တော်​တော်ကြာကြာမှာ အန်တီကြီး ပြန်​ရောက်လာတယ်

သူနာရီကို ကြည့်လိုက်​တော့ ၁၀နာရီ ၁၅

တစ်ဖက်အိမ်ကို ဝင်ဝင်ချင်းမှာဘဲ ဧည့်ခန်းမှာ ရယ်သံ သဲ့သဲ့ ကို ကြားလိုက်ရတယ် ။ လူကအနည်းဆုံး ၃ ​ယောက်​လောက်ရှိမယ်ထင်ပါရဲ့ ။

ဧည့်ခန်းထဲကို မဝင်ခင်မှာဘဲ သူ အသံ​ပေးလိုက်တယ်

" ဦးထွဋ်....​ရေ "

ထွဋ်​ခေါင်တစ်​ယောက် အသံလာရာ လှမ်းကြည့်လိုက်​​တော့ မင်းသန့်က ဧည့်ခန်းနားမှာ အားနာသွားပုံနဲ့ ရပ်​နေတယ် ။

My Crush thinks I'm in love with his niece (Completed) U+ZWhere stories live. Discover now