Part-3

23K 1.4K 18
                                    

Zawgyi

.
.
.
.

မနက်ခင်းနေရောင်ခြည်နဲ့အတူ
ကုတင်ဖွေးဖွေးထက်က ကောင်လေးတစ်ယောက်....အိပ်ရာပေါ်လူးလိမ့်ပြီး နောက်ဆုံးမှ အိပ်ယာက အပြည့်အဝနိုးလာပေသည်။

ဒီနေ့အဘယ်ကြောင့် သူ့ကို Daddyလာမနှိုးသလဲဆိုတာ စဉ်းစားနေသည့် Baekhyunee...

"အာ...ဟုတ်သား..ဒီနေ့ကကျောင်းပိတ်ရက်..GOOD!..အယ်..မGood.."

ကျောင်းပိတ်ရက်မှန်း သိလိုက်ရသည်ကြောင့် ပျော်မိသွားသော်လည်း မနေ့ညက ဖြစ်ပျက်ခဲ့သည့်ကိစ္စကို တွေးမိပြီးနောက် ရှုံ့မဲ့မဲ့နှင့် မgood ဟုရေရွတ်လိုက်ရသည်။

(ဒီနေ့တစ်နေကုန် အပြစ်ပေးခံရမှာကို Good စရာလား..)

ရေချိုးခန်းထဲသွား၊ တစ်ကိုယ်ရည်သန့်ရှင်းပြီးသည်အထိ Daddy.ရဲ့အရိပ်ယောင်ကို မမြင်ရသည်ကြောင့်
အောက်ထပ်ဆင်းကာ မီးဖိုချောင်ထဲသို့ ဝင်ရှာကြည့်သည်။

"နိုးပြီလား.."

တစ်ခါမှ ရိုးသွားသည် မရှိသော Daddy၏ နောက်ကျောပြင် မြင်ကွင်းကို အရင်အခေါက်တွေအတိုင်း ငေးကြည့်နေစဉ် Daddyကလည်း အရင်အခေါက်တွေတုန်းကလိုပင် Baekhyun ရှိနေသည်ကို လှည့်မကြည့်ပဲနဲ့ပင် သိလေသည်။

"ဟုတ်..Daddy.."

ထို့နောက် Daddyက Baekhyunဘက်သို့ လှည့်ကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်ပြသည်။ ဘာမှဆက်မပြောပဲ စားစရာတွေသာ စားပွဲပေါ် ပြင်ဆင်နေတာကြောင့်
မနက်စာစားရန် စားပွဲခုံ၌ ဝင်ထိုင်လိုက်ရာ Daddy၏ သတိပေးသလို အကြည့်စူးစူးဖြင့် ကြည့်ခံလိုက်ရသည်။

"မနေ့ညက ဘာပြောထားလဲ.."

"..?.."

အူကြောင်ကြောင်ဖြင့်ကြည့်နေသည့် Baekhyunကို Chanyeolစိတ်မရှည်ချင်တော့ပေ။

"မနက်ကနေ ညနေအိပ်ယာဝင်တဲ့အထိ ဘာလုပ်လုပ်ခွင့်တောင်း ရမယ်လို့ပြောထားတာ မေ့သွားပြီလား.."

"မမေ့ပါဘူး.."

"ဒါဆို ဘာလို့ခွင့်မတောင်းလဲ.."

"...??..."

"ခွင့်မတောင်းပဲ ဘာလို့ စားပွဲခုံမှာ ဝင်ထိုင်လဲ မေးနေတယ်.."

Daddy's Baby BoyTempat cerita menjadi hidup. Temukan sekarang