Part-5

26.4K 1.3K 35
                                    

Zawgyi

.
.
.
.

မနက်ဖန် တွင် LOEY Entertainment ၌
Training ဝင်ရတော့မည်ဖြစ်၍ Dormတွင်သွားနေရန် အဝတ်အစားများအား Baekhyun ပြင်ဆင်နေသည်။ အဝတ်လဲခန်း၏ ကြမ်းပြင်၌ တင်ပျဉ်ခွေထိုင်ရင်း Luggage ထဲသို့ အဝတ်အစားများခေါက်ထည့်နေသည်။

ထိုစဉ် ရေချိုးခန်းထဲမှ ရေချိုးပြီး အပေါ်ပိုင်းဗလာ အောက်ပိုင်းတွင်သဘက်တစ်ထည်သာ ပတ်ထားသော Chanyeol ရောက်လာပြီး အင်္ကျီလဲရန် ဗီဒိုကို ဖွင့်လေရာ...

"Daddy..သားက နက်ဖန် Training ဆင်းရတော့မှာလေ။ အဲ့ဒါ..."

"အဲ့ဒါ ဘာဖြစ်လဲ.."

"အဲ့ဒါ သားက Daddy နဲ့ တူတူ အိပ်လို့မရတော့ဘူးလေ။ Daddy.ကို လွမ်းလို့ အိပ်မရရင်..."

စကားကိုရပ်လိုက်ကာ Baekhyun..Daddy.ကို မျက်နှာငယ်လေးနဲ့လှမ်းကြည့်လိုက်သည်။

"ဘာဖြစ်လဲ ဆက်ပြောလေ။ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့.."

"Daddy.အစား Daddy.အင်္ကျီတွေ သားယူသွားလို့ရလားလို့။ သား Daddy.ကိုလွမ်းရင် ဝတ်မလို့.."

ဒီကလေးကတော့ ပိုပြီ။ Company မှာလည်း နေ့တိုင်းတွေ့နေရမှာပဲကို။
ညဘက် တူတူပဲ မအိပ်ရတာကို လွမ်းသလေး ဘာသလေးနဲ့။

"ဘယ်အင်္ကျီယူမှာလဲ.."

"ဟို jacket လေးလေ။ Mustang jacket လေး။ Daddy ဂျပန်က ဝယ်ခဲ့တာလေးလေ။ အဲ့ဒါလေးကို စ'မြင်ထဲက နော်မူး ဂျိုဝါးယောလ်! (အရမ်းကြိုက်တာ).."

လက်မလေး ထောင်ကာ အရမ်းကြိုက်ကြောင်း ပြောနေတဲ့ ကလေး၊ချစ်စဖွယ်အပြုံးလေးတွေနဲ့ လာချွဲနေတဲ့ ကလေးလေး..ပါးစပ်ကလေးကို ခပ်ကျယ်ကျယ်ဟကာ ဂျိုဝါးယောလ်နေရင်း ခေါင်းလေးကလည်း ငြိမ့်ပြနေသေးသည်။

"အင်း.."

ဗီဒိုထဲကရှာပြီး ပေးလိုက်တော့

"ကျေးဇူးတင်ပါတယ် Daddy။ ချစ်တယ်.."

ကျေးဇူးတင်ကြောင်းပြောရင်း လက်နှစ်ဖက်ကိုဗိုက်လေးမှာကပ်ရင်း ခေါင်းလေးငုံ့ကာ အရိုအသေပေးလိုက်၊ ချစ်တယ်ပြောရင်း ခေါင်းပေါ် လက်နှစ်ဖက်တင်ရင်း အသည်းပုံလုပ်ပြလိုက် လုပ်နေသေးသည်။

Daddy's Baby BoyWo Geschichten leben. Entdecke jetzt